ဗဟန်း၊ လူထုအခြေပြုဗဟိုဌာန Community Centre ၌ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲနှင့် စာအုပ်ပြပွဲအခမ်းအနားကျင်းပ

ဗဟန်း စက်တင်ဘာ ၁၁

ကျောင်းသား၊ ကျောင်းသူများ စနေ့၊ တနင်္ဂ‌နွေ‌နေ့ ဖြစ်သည့် ကျောင်းပိတ်ရက်များတွင် အချိန်ကို အကျိုးရှိစွာ အသုံးချတက်‌စေရန်နှင့် ဗလငါးတန်နှင့်ပြည့်စုံသည့် ကျောင်းသား၊ ကျောင်းသူများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲနှင့် စာအုပ်ပြပွဲအခမ်းအနားကို ယမန်နေ့၊ နံနက် ၁၁ နာရီက‌ ဗဟန်း၊ လူထုအခြေပြုဗဟိုဌာန Community Centre ၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အနောက်ပိုင်းခရိုင်ရုံးမှ ခရိုင်ဦးစီးမှူး‌ ဒေါ်စန္ဒာမိုးက လူငယ်များအနေဖြင့် ပညာရေးကဏ္ဍအပြင် စာရိတ္တကောင်းမွန်ရေး၊ ပေါင်းသင်းဆက်ဆံရေးနှင့်ကျန်းမာရေး ကောင်းမွန်စေရေး၊ ကြီးပွားရေးအမြင်ရှိစေရေးတို့အပြင် မျိုးချစ်စိတ်ဓာတ်၊ ပြည်ထောင်စုစိတ်ဓာတ်ရှင်သန် ထက်မြက်စေရေးတို့နှင့်စပ်လျဉ်း၍

လည်းကောင်း၊ စာရေးဆရာမပျိုပျိုက ယနေ့ လူငယ်များအား လူတော်လူကောင်းလေးများဖြစ်လာ‌စေရေး၊ အကျင့်စာရိတ္တကောင်းမွန်‌စေရေး၊ အများအကျိုးကို ဆောင်ရွက်တက်‌စေရေး၊ မျိုးချစ်စိတ်ဓာတ်ထက်သန်ပြီး နိုင်ငံနှင့်လူမျိုးအကျိုးစီးပွားအတွက် ကြိုးပပ်းထမ်းဆောင်ကြမည့် လူငယ်များဖြစ်လာစေရေး၊ အမှားနှင် အမှန်ကို ဝေဖန်ပိုင်းခြားနိုင်ပြီး ယဉ်ကျေးသိမ့်မွေ့၍ ကိုယ်ကျင့်တရားကောင်းမွန်စေရေးစသည့် အကြောင်းအရာအသီးသီးတို့ကို ဟောပြောကြသည်။

ထို့နောက် ဟောပြောပွဲကို တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူများက ခင်းကျင်းပြသထားသော သုတ၊ ရသစာအုပ်များနှင့် အသိပညာပေးနံရံကပ်စာစောင်တို့ကို စိတ်ပါဝင်စားစွာ ကြည့်ရှုကြကြောင်း သိရသည်။

စန္ဒာမိုး