ကာလိ စက်တင်ဘာ ၁၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကာလိမြို့ အခြေခံပညာအလယ်တန်း တာကော်ကျောင်း၌ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစာစောင်ပြပွဲကို ယနေ့နံနက် (၁၀)နာရီအချိန်က အဆိုပါကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့ဦးစီးမှူး ဒေါ်ထင်ထင်ကျော်က လူကုန်ကူးမှုဖြစ်ပေါ်ရခြင်းအကြောင်းကိုလည်ကောင်း၊ မြန်မာနိုင်ငံတွင် ဖြစ်ပွားလေ့ရှိသော လူကုန်ကူးမှုအမျိုးအစားနှင့် လူကုန်ကူးမှုဉပဒေဆိုင်ရာများ၊ လူကုန်ကူးမှုမခံရစေရေးနှင့် ဆောင်ရန် ရှောင်ရန်များ စသည့် သိကောင်းစရာများကို အသိပညာပေးဟောပြောခဲ့ပြီး အခြေခံပညာအလယ်တန်း ကျောင်းအုပ်ဆရာကြီး ဦးဇော်မင်းက လူကုန်ကူးမှုမခံရစေရေးအတွက် ကျောင်းသား၊ ကျောင်းသူများကို လမ်းမှားမရောက်စေရေးနှင့် သတိပြုဆင်ခြင်စရာများကို ရှင်းလင်းဟောပြောခဲ့ကြကြောင်း သိရသည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကလေးသူငယ်အခွင့်ရေးဆိုင်ရာ နံရံကပ်စာစောင်ပြသခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှု့ခဲ့ကြကြောင်း သိရသည်။
ထင်ထင်(ကာလိ၊ပြန်/ဆက်)