သတင်းများ

မော်လမြိုင်ကျွန်းမြို့နယ် ကြောင်ဒေါင့် ကျးရွာ(အ.လ.က) ကျောင်းတွင် အသိပညာပေးဟောပြောပွဲ၊ နယ်လှည့်စာကြည့်တိုက်၊ နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲ ကျင်းပ
Sep 12,2023
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် ကျောင်းသား/ကျောင်းသူများ ဗလငါးတန်ဖွံဖြိုးတိုးတက်စေရန်၊ စာပေဗဟုသုတများတိုးပွားပြီး၊ ပြင်ပဗဟုသုတများ စုံလင်စွာရရှိစေရန်ရည်ရွယ်ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဟောပြောပွဲ၊ နံရံကပ်စာစောင်၊ နယ်လှည့်စာကြည့်တိုက်နှင့် စာအုပ်စာစောင်ပြပွဲကို ယမန်နေ့ နေ့လယ် (၂) နာရီအချိန်က ကြောင်ဒေါင့်‌ကျေးရွာ (အ.လ.က)ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
မိတ္ထီလာမြို့ (၁၄ဝ)ကြိမ်မြောက် သမိုင်းဝင်ဖောင်တော်ဦးစေတီတော်ဗုဒ္ဓပူဇနိယပွဲတော်၌ မြန်မာ့ရိုးရာလောင်းလှေပြိုင်ပွဲကို ၈ ရက်ကြာ ထည့်သွင်းကျင်းပမည်
Sep 11,2023
မိတ္ထီလာမြို့ (၁၄ဝ)ကြိမ်မြောက် သမိုင်းဝင်ဖောင်တော်ဦးစေတီတော် ဗုဒ္ဓပူဇနိယပွဲတော်၌ မြန်မာ့ရိုးရာလောင်းလှေပြိုင်ပွဲကို ၈ ရက်ကြာ ထည့်သွင်းကျင်းပ သွားမည် ဖြစ်ကြောင်း အဆိုပါ လှေပြိုင်ပွဲကျင်းပရေး ဆပ်ကော်မတီဥက္ကဋ္ဌ ဖြစ်သူထံက သိရသည်။
မင်းလှမြို့၌ လူငယ်ရေးရာကဏ္ဍအကြောင်း စာဖတ်ဝိုင်းပြုလုပ်
Sep 11,2023
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး Community Centre ခန်းမ၌ သုတပဒေသာနှင့် လူငယ်ရေးရာစာအုပ်မှ လူငယ်ရေးရာကဏ္ဍအကြောင်း စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၁၁ နာရီချိန်ကပြုလုပ်ခဲ့သည်။
လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပ
Sep 11,2023
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ ယနေ့ မွန်းလွဲ ၁ နာရီ အချိန် က လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်း၌ စာဖတ်ရှိန် မြှင့်တင်ရေးအတွက် ကျောင်းသား/ ကျောင်းသူများ အသိပညာ ဗဟုသုတ ရရှိစေရန်၊ စာပေ လေ့လာဖတ်ရှုကြစေရန်၊ သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်များကို ပြသခဲ့ကြောင်း သိရသည်။
လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် ကျန်းမာရေးအသိပညာပေးခြင်းနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်
Sep 11,2023
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ် ရွှေလင်ပန်းပြည်သူ့ဆေးရုံတွင်  ယမန်နေ့နံနက်(၇)နာရီ၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့၀င်များက ကျန်းမာရေးအသိပညာပေးခြင်းနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်လျက်ရှိသည်။
ပေါက်တောမြို့နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်(၂)နှစ်အောက် ကလေးငယ်များအား ထောက်ပံ့ငွေ ပေးအပ်
Sep 11,2023
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင် ၊ ပေါက်တောမြို့နယ်၌ ကိုယ်ဝန်ဆောင်မိခင်နှင့် အသက်(၂)နှစ်အောက် ကလေးငယ်များအား လူမှုဝန်ထမ်းဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ပထမသုံးလပတ် ထောက်ပံ့ငွေ ပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနရုံးတွင် သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးများမှ တစ်ဆင့်ထောက်ပံ့ပေးအပ်ခဲ့ကြသည်။
မြဝတီမြို့၌ (၂၄)ကြိမ်မြောက် မြန်မာတိုင်းရင်းသားတို့၏ မြန်မာ့ရိုးရာယဥ်ကျေးမှု အဆို အက အရေး အတီး ပြိုင်ပွဲဖွင့်ပွဲကျင်းပ
Sep 11,2023
(၂၄)ကြိမ်မြောက် မြန်မာတိုင်းရင်းသားတို့၏ မြန်မာ့ရိုးရာယဥ်ကျေးမှုအဆိုအကအရေးအတီး ပြိုင်ပွဲဖွင့်ပွဲ အခမ်း အနားကို ကရင်ပြည်နယ်၊ မြဝတီမြို့၊ City Home ခန်းမတွင် ယနေ့ နံနက် ၉ နာရီက ကျင်းပပြုလုပ်ကြောင်း သိရသည်။
မြောင်းမြခရိုင်  Community Centre တွင်  ကွန်ပျူတာ အခြေခံသင်တန်းဆင်းပွဲကျင်းပ
Sep 11,2023
ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် မြောင်းမြမြို့နယ်ရှိ ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre တွင် ဗလငါးတန်နှင့်ပြည့်စုံပြီး ဘက်စုံထူးချွန်ထက်မြက်သော လူငယ်လူရွယ်ကျောင်းသားကျောင်းသူများ ပေါ်ထွန်းလာစေရေးအတွက် ကွန်ပျုတာအခြေခံသင်တန်း( အခမဲ့)ကို ဖွင့်လှစ်ခဲ့ရာ  ယမန်နေ့က သင်တန်းဆင်းပွဲကို ကျင်းပပြုလုပ်ခဲ့သည်။