ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်တွင် ပန်းခင်း (၂) စီမံချက်ဖြင့် ရပ်ကွက်/ ကျေးရွာနေပြည်သူများထံ နိုင်ငံသားစီစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်
Sep 11,2023
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် "လူမှုဘဝပြည့်စုံဖို့နိုင်ငံသားကတ်ကိုင်ကြစို့" ဆောင်ပုဒ်နှင့်အညီ ပန်းခင်း (၂) စီမံချက်ဖြင့် ဝန်ထမ်းများသည် အဖွဲ့များခွဲကာ ဒဂုံမြို့သစ် (အရှေ့ပိုင်း )မြို့နယ်အတွင်း ရပ်ကွက်/ ကျေးရွာများဖြစ်သော၊ အမှတ် (၈) ရပ်ကွက်၊ အမှတ် ၁၁၈၊ ၁၁၉၊ ၁၂၀၊ ၁၂၂ရပ်ကွက်၊ မလစ်အရှေ့ကျေးရွာ၊ အဝိုင်းကျေးရွာ၊ အမှတ် (၁၂၃) ရပ်ကွက်နေပြည်သူများထံ နိုင်ငံသားစီစစ်ရေးကတ်ပြားများကို ယမန်နေ့ နံနက်ပိုင်း (၉) နာရီမှ စတင်ကာ မြေပြင်ကွင်းဆင်းဆောင်ရွက်ကြောင်း သိရသည်။