ကရသူရိမြို့၌ ပလတ်စတစ်ညစ်ညမ်းမှုကာကွယ်ရေး အသိပညာပေးနံရံကပ်စာ‌စောင်နှင့် ဓာတ်ပုံ ပြပွဲပြသ‌

ကရသူရိ စက်တင်ဘာ ၁၁

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ ကျောင်းသား/သူများနှင့် စာဖတ်ပရိသတ်များအား ပလတ်စတစ် ညစ်ညမ်းမှုကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်နှင့်ဓာတ်ပုံပြပွဲကို ယနေ့ မွန်းတည့် ၁၂ နာရီက ပြသခဲ့ကြောင်းသိရသည်။

ပလတ်စတစ်သည် သသာဝပတ်ဝန်းကျင်ကို ညစ်ညမ်းစေခြင်း၊ လူနှင့်သက်ရှိသတ္တဝါများကို အန္တရာယ်ပြုနိုင်ခြင်းစသည့်ဆိုးကျိုးများနှင့် ပလတ်စတစ်များကို စနစ်တကျသုံးစွဲ၍ စွန့်ပစ်ရန် လိုအပ်ချက်များကို ပညာပေးပြသခြင်းဖြစ်ရာ ထိုပြဘုတ်၌ ပလတ်စတစ်ပေါ်ပေါက်လာပုံ၊ စွန့်ပစ်ပစ္စည်းဆိုသည်မှာ၊ ပလတ်စတစ်အန္တရာယ်၊ ပလတ် စတစ်ညစ်ညမ်းမှု၊ အဏ္ဏဝါပတ်ဝန်းကျင် ညစ်ညမ်းခြင်း၊ ‌တစ်ခါသုံး ပလတ်စတစ်ပစ္စည်းများ၏ အားသာချက်များ၊ အကျိုးသက်ရောက်မှု များစသည့် စာစောင်များနှင့် ဓာတ်ပုံများကိုပြသခဲ့ကြောင်းသိရသည်။

အဆိုပါဆောင်ရွက်ခြင်းသည် ပလတ်စတစ်ညစ်ညမ်းမှုကာကွယ်ရေးအတွက် ပလတ်စတစ်စွန့်ပစ်ပစ္စည်းများအားစနစ်တကျစွန့်ပစ်တတ်စေရေးနှင့် သဘာဝပတ်ဝန်းကျင်ညစ်ညမ်းမှုကို ပူးပေါင်း ကာကွယ်ဆောင်ရွက်နိုင်ရေး      ပလတ်စတစ်အသုံးပြုခြင်း၏  ဆိုးကျိုး/ကောင်းကျိုးများအား ပညာပေးပြသခြင်းဖြစ်ကြောင်း သိရသည်။

ကရသူရိ(ပြန်/ဆက်)