မိုင်းရယ် စက်တင်ဘာ ၁၁
၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ (၁၃) ရက်နေ့တွင် ကျရောက်မည့် လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေးနေ့ အထိမ်းအမှတ်အဖြစ် မိုင်းရယ်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စာကြည့်တိုက်ခန်းမတွင် အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲကို ယနေ့ နေ့လယ်(၁)နာရီက ကျင်းပပြုလုပ်သည်။
လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေးနေ့ အထိမ်းအမှတ် အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲကို မိုင်းရယ်မြို့ပေါ်ရှိ အ.ထ.က(မိုင်းရယ်)၊ အ.လ.က(မိုင်းရယ်)တို့မှ အလယ်တန်း အဆင့် ကျောင်းသား/ကျောင်းသူ (၁၅) ဦး ဝင်ရောက်ယှဉ်ပြိုင်ကြပါသည်။
အဆိုပါ စာစီစာကုံးပြိုင်ပွဲသို့ လာရောက်ယှဉ်ပြိုင်ကြသည့် ကျောင်းသား/ကျောင်းသူများမှ ပြည်သူ့စာကြည့်တိုက်ခန်းမတွင် ပြသထားသည့် လူကုန်ကူးမှုအန္တရာယ် အသိပညာပေး နံရံကပ်စာစောင်များ၊ မိုးရာသီအတွင်း ဖြစ်ပေါ်လာမည့် ဆိုင်ကလုံးမုန်တိုင်းနှင့် သဘာဝဘေးအန္တရာယ် ကူညီကယ်ဆယ်ရေးဆောင်ရွက်မှု မှတ်တမ်းဓါတ်ပုံများအား လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။
မိုင်းရယ်ပြန်/ဆက်