သတင်းများ

ပေါက်တောမြို့၌ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် (အကြို) စာစီစာကုံး၊ ကဗျာပြိုင်ပွဲ ကျင်းပ
Sep 17,2023
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့တွင် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ (၅) ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ဆရာများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် (အကြို) စာစီစာကုံးပြိုင်ပွဲကို ယမန်နေ့မွန်းလွဲ (၂) နာရီက အခြေခံပညာအထက်တန်းကျောင်း (ပေါက်တော) စုပေါင်းခန်းတွင် ကျင်းပကြသည်။
ဒေးဒရဲမြို့နယ်တွင် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲနှင့် ကဗျာပြိုင်ပွဲများ ကျင်းပ
Sep 17,2023
ဧရာဝတီတိုင်ဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် အခြေခံပညာဦးစီးဌာနကဦးဆောင်မှုဖြင့် ၂၀၂၃ ခုနှစ် အောက်တိုဘာလ(၅)ရက်နေ့တွင်ရောက်ရှိမည့် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် မြို့နယ်အဆင့်စာစီစာကုံးပြိုင်ပွဲနှင့် ကဗျာပြိုင်ပွဲများကို ယမန်နေ့နံနက်(၉)နာရီက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းရှိ ပညာဘဏ်တိုက်စာကြည့်တိုက်ခန်းမ၌ ကျင်းပပေးလျက်ရှိရာ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများက ကျောင်းသား၊ ကျောင်းသူများ ဝင်ရောက်ယှဥ်ပြိုင်လျက်ရှိကြောင်း သိရသည်။
၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် တိုးချဲ့ဖွင့်လှစ်မည်ဖြစ်‌သော စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အတတ်ပညာရပ်များ တွဲဖက်သင်ကြားပေးမည့် အခြေခံပညာအထက်တန်းကျောင်းများနှင့်ပတ်သက်၍ အသိပေးရှင်းလင်းခြင်း အခမ်းအနားကျင်းပ
Sep 17,2023
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ အမှတ် (၃၀)အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ယမန်နေ့နံနက် ၁၀ နာရီက ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် တိုးချဲ့ဖွင့်လှစ်မည်ဖြစ်‌သော စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အတတ်ပညာရပ်များ တွဲဖက်သင်ကြားပေးမည့် အခြေခံပညာအထက်တန်းကျောင်းများနှင့်ပတ်သက်၍ အသိပေးရှင်းလင်းပွဲ အခမ်းအနားကို ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
အမ်းမြို့နယ်၌ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် လျှပ်စစ်မြစ်ရေတင် စီမံကိန်းဆောင်ရွက်ရန် ကွင်းဆင်းစစ်ဆေး
Sep 17,2023
ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်တွင် လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် လျှပ်စစ်မြစ်ရေတင် စီမံကိန်းဆောင်ရွက်ရန် အမ်းမြောက်ကျေးရွာအုပ်စု၊ ဆူးပုတ်ပျဉ်းတောကျေးရွာရှိ ကွင်းအမှတ်-၂၇၁ ၌ လယ်မြေအား ယမန်နေ့နံနက် (၁၀) နာရီအချိန်က ကွင်ဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ဗန်းမော်မြို့တွင် ခရစ်ကတ်(နည်းပြနှင့်ဒိုင်)သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပ
Sep 17,2023
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့တွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံခရစ်ကတ်အဖွဲ့ချုပ်တို့ပူးပေါင်းဖွင့်လှစ်သည့် ခရစ်ကတ်(နည်းပြ/ဒိုင်)သင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက ညောင်ပင်ရပ်ကွက်ရှိ ခရိုင်အားကစားခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဝန်းသိုမြို့၌ ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်လာစေရေး ကျပန်းစကားပြောပြိုင်ပွဲကျင်းပ
Sep 17,2023
မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ကျပန်းစကားပြောပြိုင်ပွဲကို စက်တင်ဘာလ ၁၅ ရက်နေ့ နံနက် ၉ နာရီအချိန်က စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်းသိုမြို့နယ်အခြေခံပညာအထက်တန်းကျောင်း(ဝန်းသို)၊ မြတ်ဆရာခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
မိုးကောင်းမြို့၌ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲကျင်းပ
Sep 17,2023
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ် အ-ထ-က နောင်ကိုင်တော်ကျောင်း၌ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲကို စက်တင်ဘာ (၁၆) ရက် နံနက် (၉) နာရီတွင် ကျင်းပခဲ့သည်။
ဝန်းသိုမြို့၌ တောင်သူများအား ယူရီးယားဓာတ်မြေဩဇာ ဈေးနှုန်းချိုသာစွာဖြင့်ရောင်းချ
Sep 17,2023
၂၀၂၃-၂၀၂၄ ခုနှစ် မိုးစပါးစိုက်ပျိုးရာသီ ပန်းတိုင်စံပြကွက်အထွက်နှုန်းတိုးတက်မြင့်မားစေရန်အတွက် တောင်သူအသိပညာပေးဆွေးနွေးပွဲနှင့် တောင်သူများအား MPE ထုတ် ယူရီးယာဓာတ်မြေဩဇာ ဈေးနှုန်းချိုသာစွာရောင်းချပွဲအခမ်းအနားကို စက်တင်ဘာလ ၁၅ ရက်နေ့ နံနက် ၉ နာရီအချိန်က စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်းသိုမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။