အမ်း စက်တင်ဘာ ၁၇
ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်တွင် လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် လျှပ်စစ်မြစ်ရေတင် စီမံကိန်းဆောင်ရွက်ရန် အမ်းမြောက်ကျေးရွာအုပ်စု၊ ဆူးပုတ်ပျဉ်းတောကျေးရွာရှိ ကွင်းအမှတ်-၂၇၁ ၌ လယ်မြေအား ယမန်နေ့နံနက် (၁၀) နာရီအချိန်က ကွင်ဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါ အမ်းမြောက်ကျေးရွာအုပ်စု၊ ဆူးပုတ်ပျဉ်းတောကျေးရွာရှိ ကျေးလက်နေပြည်သူများ၏ လူနေမှုဘဝတိုးတက်မြင့်မားလာပြီး အလုပ်အကိုင်အခွင့်အလမ်း တိုးတက်လာစေရန် ကွင်းအမှတ်-၂၇၁ လယ်မြေတွင် လယ်မြေ (၁၂၄၀ ဧက၊ ဥယာဉ်မြေ (၉၂) ဧကနှင့် ကိုင်းမြေ (၃၈) ဧက ရှိရာ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ပြီး စပါးနှင့်ဆောင်းသီးနှံများကို နွေ၊ မိုး၊ ဆောင်း ရာသီမရွှေးစိုက်ပျိုးနိုင်ရန် လျှပ်စစ်မြစ်ရေတင်စီမံကိန်း ဆောင်ရွက်ပေးမည်ဖြစ် ကြောင်းသိရသည်။
ရှေ့ဦးစွာ ရေအရင်းအမြစ်ဦးစီးဌာနမှ ညွန်ကြားရေးမှူး ဦးခင်လှိုင်နှင့် တာဝန်ရှိသူများ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇော်ထက်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမင်းထက်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက ဆူးပုတ်ပျဉ်းတောကျေးရွာရှိ ဒေသခံတောင်သူများနှင့်တွေ့ဆုံ၍ အမ်းချောင်းသည် မြေခံရေခံကောင်း မွန်ခြင်းကြောင့် စိုက်ပျိုးရေ၊ သောက်ရေ၊ သုံးရေရရှိရန် လျှပ်စစ်မြစ်ရေတင် စီမံကိန်းဆောင်ရွက်ပြီး ဆောင်ရွက်ပြီးစီပါက မြစ်ရေတင် ရေသောက်စနစ်အား တောင်သူများအနေဖြင့် မိမိကိုယ်တိုင် စီမံခန့်ခွဲနိုင်ရေး၊ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အဆင့်မြှင်စက်မှုလယ်ယာ ဖော်ထတ်နိုင်ရေး၊ စံပြစပါးစိုက်ခင်း ဖြစ်ထွန်းနိုင်ရေး၊ ဒေသနှင့်ကိုက်ညီသည့် မျိုးကောင်းမျိုးသန့် စပါးစိုက်ပျိုးနိုင်ရေး၊ စိုက်ပျိုးရေးနည်းပညာအသုံးပြု၍ စပါးပင်များအား နည်းမှန်၊ လမ်းမှန် စိုက်ပျိုးနိုင်ရေး၊ စိုက်ပျိုးရေးမွေးမြူရေးလုပ်ငန်းများကို နွေ၊ မိုး၊ ဆောင်းရာသီအလိုက် စပါးနှင့်စားသုံးသီးနှံများ စိုက်ပျိုးနိုင်မည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် ရေအရင်းအမြစ်ဦးစီးဌာနမှ ညွန်ကြားရေးမှူး ဦးခင်လှိုင်နှင့် တာဝန်ရှိသူများသည် လျှပ်စစ်မြစ်ရေတင်စီမံကိန်း ဆောင်ရွက်မည့်နေရာအား သွားရောက်၍ စပါးစိုက်လယ်မြေများအားကြည့် ရှုစစ်ဆေးကာ စစ်မြစ်ရေတင်စနစ်ဆောင်ရွက်ရန် တိုင်းတာခြင်းလုပ်ငန်းများ၊ လျှပ်စစ်သုံးစွဲနိုင်ရေး၊ ရေသောက်စနက်ဆောင် ရွက်နိုင်မှုအခြေအနေတို့အား ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
စိုးမင်းထွန်း(ပြန်/ဆက်)