ပေါက်တော စက်တင်ဘာ ၁၇
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့တွင် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ (၅) ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ဆရာများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် (အကြို) စာစီစာကုံးပြိုင်ပွဲကို ယမန်နေ့မွန်းလွဲ (၂) နာရီက အခြေခံပညာအထက်တန်းကျောင်း (ပေါက်တော) စုပေါင်းခန်းတွင် ကျင်းပကြသည်။
အဆိုပါ ပြိုင်ပွဲတွင် အခြေခံပညာအထက်တန်းကျောင်း (ပေါက်တော)မှ ကျောင်းသား၊ ကျောင်းသူများ ပါဝင်ယှဉ်ပြိုင်ကြရာ အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် "မွန်မြတ်လှပ ဆရာ့ဘဝ" ခေါင်းစဥ်ဖြင့် ကျောင်းသား၊ ကျောင်းသူ (၄၅) ဦး၊ အလယ်တန်းအဆင့် ကဗျာပြိုင်ပွဲတွင် "လမ်းပြကြယ်ပမာ မြတ်ဆရာ" ခေါင်းစဥ်ဖြင့် ကျောင်းသား၊ ကျောင်းသူ (၅၇) ဦး စုစုပေါင်း (၁၀၂) ဦး ပါဝင်ယှဉ်ပြိုင်ကြ ပြီးဆုရရှိသူများကို ပညာရေးစုံညီပွဲတော်၌ ဆုများကို ပေးအပ်ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း ကျောင်းအုပ်ဆရာမကြီးထံမှ သိရသည်။
ဝင်းမင်းစိုး(ပြန်/ဆက်)