သတင်းများ

လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ် အမှတ် (၁၆) အခြေခံပညာအထက်တန်းကျောင်း၌ ကျပန်းစကားပြောပြိုင်ပွဲ ကျင်းပ
Sep 17,2023
ရန်ကုန်တိုင်း‌ဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် ကျပန်းစကားပြောပြိုင်ပွဲကို ယမန်နေ့နံနက် (၀၉;၀၀) နာရီက လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ်အမှတ် (၁၆) အခြေခံပညာအထက်တန်းကျောင်း ပုလဲခန်းမ၌ ကျင်းပပြုလုပ်သည်။
ကွန်ဟိန်းမြို့၌ သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး(HPV)ထိုးနှံခြင်းအသိပေးရှင်းလင်းပွဲ အခမ်းအနားကျင်းပ
Sep 17,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့၌ သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး(HPV)ထိုးနှံခြင်းအသိပေးရှင်းလင်းပွဲအခမ်းအနားကို ပြည်သူ့ဆေးရုံတွင် ယမန်နေ့နံနက်(၉) နာရီအချိန်ခန့်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မဟာအောင်မြေမြို့နယ်၌ သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး(HPV) ထိုးနှံနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ
Sep 17,2023
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်တွင် သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး(HVP)ကို အသက် ၉ နှစ် ပြည့်ပြီး၊ ၁၂ နှစ် မကျော်သော မိန်းကလေးများအား ကာကွယ်ဆေးထိုးနှံနိုင်ရေးညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီက အမှတ်(၁၃)အခြေခံပညာအထက်တန်းကျောင်း အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ဆီဆိုင်မြို့နယ်၌ ဒေသဝက် (၅၀) ကောင်အား မွေးမြူရေးဘဏ်စနစ်ဖြင့် မွေးမြူမည့်အိမ်ထောင်စု (၂၅) စုထံသို့ လွှဲပြောင်းပေးအပ်ပွဲ ကျင်းပ
Sep 17,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ ပြည်နယ်ခွင့်ပြုရန်ပုံငွေဖြင့် ဝယ်ယူဖြန့်ဖြူးသည့် ဒေသဝက် (၅၀) ကောင်အား မွေးမြူရေးဘဏ်စနစ်ဖြင့် မွေးမြူမည့်အိမ်ထောင်စု (၂၅) စုထံသို့ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် (၁၀) နာရီက နားခိုက်ကျေးရွာအုပ်စု၊ ထီတန်းကျေးရွာခန်းမ၌ ပြုလုပ်သည်။
ရန်ကင်းမြို့နယ်၌ ၂၀၂၃ ခုနှစ်ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် မြို့နယ်အဆင့်စာစီစာကုံးပြိုင်ပွဲကျင်းပ
Sep 17,2023
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းမြို့နယ်၌ ၂၀၂၃ ခုနှစ် ကမ္ဘ့ာဆရာများနေ့အထိမ်းအမှတ် မြို့နယ်အဆင့်အခြေခံပညာကျောင်းပေါင်းစုံ မွန်မြတ်လှပဆရာ့ဘဝခေါင်းစဉ်ဖြင့် စာစီစာကုံးပြိုင်ပွဲ အထက်တန်းအဆင့်၊ အလယ်တန်းအဆင့်ပြိုင်ပွဲအား ယမန်နေ့နံနက် ၉ နာရီက ရန်ကင်းမြို့နယ်အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဆွမ်ပရာဘွမ်မြို့၌ သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး (HPV)အောင်မြင်စွာထိုးနှံနိုင်ရေးလုပ်ငန်း ညှိနှိုင်းဆွေးနွေးပွဲအခမ်းအနားကျင်းပ
Sep 17,2023
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့တွင် သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV) အောင်မြင်စွာထိုးနှံနိုင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲအခမ်းအနားကို ယမန်နေ့နံနက် (၁၀) နာရီက မြို့နယ်မိခင်နှင့်ကလေး ကျန်းမာရေးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ဒေါပုံမြို့နယ်တွင် လူငယ်များဗလငါးတန်ပြည့်ဝစေရန်အတွက် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကျင်းပဆောင်ရွက်
Sep 17,2023
လူငယ်ဟူသည် အနာဂတ်၏အဖိုးတန်လူ့စွမ်းအားအရင်းအမြစ်များဖြစ်သည်နှင့်အညီ လူငယ်များဗလငါးတန်နှင့်ပြည့်ဝစေရေးအတွက် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ဒေါပုံမြို့နယ်အမှတ်(၁)အခြေခံပညာအလယ်တန်းကျောင်းတွင် သက်ဆိုင်ရာဌာနများမှပူးပေါင်း၍ စက်တင်ဘာလ ၁၅ ရက်နေ့ နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
မြောက်ဥက္ကလာပမြို့နယ်တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ
Sep 17,2023
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပ မြို့နယ်အတွင်းရှိ ကျောင်းသားလူငယ်များ လမ်းခရီးသွားလာရာတွင် ယာဥ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းစေရေးနှင့် ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းကို လေးစားလိုက်နာစေရန်ရည်ရွယ်၍ ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ယမန်နေ့နံနက် ၉ နာရီက အမှတ်(၆)အခြေခံပညာအထက်တန်းကျောင်း မြတ်ဆရာခန်းမတွင် ကျင်းပခဲ့သည်။