မိုးကောင်း စက်တင်ဘာ ၁၇
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ် အ-ထ-က နောင်ကိုင်တော်ကျောင်း၌ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲကို စက်တင်ဘာ (၁၆) ရက် နံနက် (၉) နာရီတွင် ကျင်းပခဲ့သည်။
ဆရာဆရာမများ၏ ဂုဏ်ကျေးဇူးကိုမမေ့ပဲ အမှတ်ရနေစေရန်ရည်ရွယ်၍ ပြိုင်ပွဲကျင်းပရခြင်း ဖြစ်ကြောင်း သိရသည်။ စာစီစာကုံးပြိုင်ပွဲတွင် မွန်မြတ်လှပ ဆရာ့ဘဝခေါင်းစဉ်ဖြင့် အထက်တန်း (၁၀) ဦး၊ အလယ်တန်း (၂၃) ဦးနှင့် ကဗျာပြိုင်ပွဲတွင် လမ်းပြကြယ်ပမာမြတ်ဆရာ ခေါင်းစဉ်ဖြင့် အထက်တန်းအဆင့် (၁၂) ဦး အလယ်တန်းအဆင့် (၁၅) ဦးတို့ ယှဉ်ပြိုင်ဖြေဆိုကြောင်း သိရသည်။
သန်းလွင်ဦး (ပြန်/ဆက်)