ဒေးဒရဲမြို့နယ်တွင် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲနှင့် ကဗျာပြိုင်ပွဲများ ကျင်းပ

ဒေးဒရဲ စက်တင်ဘာ ၁၇

ဧရာဝတီတိုင်ဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် အခြေခံပညာဦးစီးဌာနကဦးဆောင်မှုဖြင့် ၂၀၂၃ ခုနှစ် အောက်တိုဘာလ(၅)ရက်နေ့တွင်ရောက်ရှိမည့် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် မြို့နယ်အဆင့်စာစီစာကုံးပြိုင်ပွဲနှင့် ကဗျာပြိုင်ပွဲများကို ယမန်နေ့နံနက်(၉)နာရီက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းရှိ ပညာဘဏ်တိုက်စာကြည့်တိုက်ခန်းမ၌ ကျင်းပပေးလျက်ရှိရာ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများက ကျောင်းသား၊ ကျောင်းသူများ ဝင်ရောက်ယှဥ်ပြိုင်လျက်ရှိကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲများ ကျင်းပလျက်ရှိသည့်လုပ်ငန်းများကို မြို့နယ်အခြေခံပညာဦးစီးဌာန ဒုတိယပညာရေးမှူးဦးထွန်းမြတ်သူနှင့် သက်ဆိုင်ရာကျောင်အုပ်ကြီးများက အနီးကပ်ကြီးကြပ်ပေးလျက်ရှိရာ ၂၀၂၃ ခုနှစ် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲကို မွန်မြတ်လှပ ဆရာ့ဘဝခေါင်းစဥ်ဖြင့် ကျောင်းသား၊ ကျောင်းသူ (၁၈)ဦးနှင့် ကဗျာပြိုင်ပွဲကို လမ်းပြကြယ်ပမာ မြတ်ဆရာခေါင်းစဥ်ဖြင့် ကျောင်းသား၊ ကျောင်းသူ(၂၁)ဦး ဝင်ရောက်ယှဥ်ပြိုင်လျက်ရှိကြောင်းသိရပြီး ဆုရရှိသူများကို ၂၀၂၃ ခုနှစ် အောက်တိုဘာလ (၅) ရက်နေ့တွင်ကျင်းပမည့် ကမ္ဘာ့ဆရာများနေ့အခမ်းအနားတွင် ဂုဏ်ပြုဆုများ ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

အေဇာလင်း