မြောက်ဥက္ကလာပ စက်တင်ဘာ ၁၆
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပ မြို့နယ်အတွင်းရှိ ကျောင်းသားလူငယ်များ လမ်းခရီးသွားလာရာတွင် ယာဥ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းစေရေးနှင့် ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းကို လေးစားလိုက်နာစေရန်ရည်ရွယ်၍ ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ယမန်နေ့နံနက် ၉ နာရီက အမှတ်(၆)အခြေခံပညာအထက်တန်းကျောင်း မြတ်ဆရာခန်းမတွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ မြောက်ဥက္ကလာပမြို့နယ် အမှတ်(၆)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးဒေါ်နီလာစိုးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ယာဉ်ထိန်းတပ်ဖွဲ့စု(၃၅)မှ ဒုရဲမှူးလှိုင်ဝင်းအောင်က ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာများကို အကျယ်တဝင့် အသိပညာပေး ရှင်းလင်းဆွေးနွေးခဲ့သည်။
ထို့နောက် ယာဥ်ထိန်းတပ်ဖွဲ့ဝင်များက တက်ရောက်လာကြသော ကျောင်းသား/ သူလေးများအား ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များအား အခမဲ့ဖြန့်ဝေပေးခဲ့ပြီး ဟောပြောပွဲသို့ ယာဉ်ထိန်းတပ်ဖွဲ့စု(၃၅)မှ ဒုရဲမှူးလှိုင်ဝင်းအောင်နှင့်ဝန်ထမ်းများ၊ မြို့နယ်ပညာရေးဌာနမှတာဝန်ရှိသူများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/သူများ စုစုပေါင်း(၁၅၀)ဦးတက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။
မြမြဝင်း(ပြန်/ဆက်)