ကွန်ဟိန်း စက်တင်ဘာ ၁၇
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့၌ သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး(HPV)ထိုးနှံခြင်းအသိပေးရှင်းလင်းပွဲအခမ်းအနားကို ပြည်သူ့ဆေးရုံတွင် ယမန်နေ့နံနက်(၉) နာရီအချိန်ခန့်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးဝင်းနိုင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ဆရာဝန် ဒေါက်တာခင်မောင်ရင်ကအမှာစကားပြောကြားခဲ့ပါသည်။ ထို့နောက် ကာလိတိုက်နယ်ဆရာဝန် ဒေါက်တာသဥ္ဇာလင်းမှ သားအိမ်ခေါင်းကင်ဆာဖြစ်ပွားရသည့်အကြောင်းရင်း၊ ရောဂါလက္ခဏာများ၊ ကူးစက်တတ်တဲ့ရောဂါများအကြောင်းနှင့် ကာကွယ်ခြင်းသည်ကုသခြင်းထက် ကောင်းမွန်ကြောင်း၊ ကလေးများကိုကာကွယ်ဆေးထိုးနှံ ပေးရခြင်းမှာ ထိုအသက်အရွယ်သည် ခုခံအားအကောင်းဆုံးအရွယ်ဖြစ်ကြောင်း အသိပညာပေးရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
ကွန်ဟိန်း (ပြန်/ဆက်)