ရန်ကင်း စက်တင်ဘာ ၁၇
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းမြို့နယ်၌ ၂၀၂၃ ခုနှစ် ကမ္ဘ့ာဆရာများနေ့အထိမ်းအမှတ် မြို့နယ်အဆင့်အခြေခံပညာကျောင်းပေါင်းစုံ မွန်မြတ်လှပဆရာ့ဘဝခေါင်းစဉ်ဖြင့် စာစီစာကုံးပြိုင်ပွဲ အထက်တန်းအဆင့်၊ အလယ်တန်းအဆင့်ပြိုင်ပွဲအား ယမန်နေ့နံနက် ၉ နာရီက ရန်ကင်းမြို့နယ်အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မြို့နယ်အဆင့်စာစီစာကုံးပြိုင်ပွဲတွင် ရန်ကင်းမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းအဆင့်ကျောင်းသား၊ ကျောင်းသူ(၃)ဦး၊ အလယ်တန်းအဆင့်ကျောင်းသား၊ ကျောင်းသူ(၈)ဦး စုစုပေါင်း(၁၁)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
အဆိုပါစာစီစာကုံးပြိုင်ပွဲအား မြို့နယ်ပညာရေးမှူးအစီအစဉ်ဖြင့် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းပေါင်းစုံမှ အထက်တန်းအဆင့်၊ အလယ်တန်းအဆင့်ကျောင်းသား၊ ကျောင်းသူလေးများအား ရွေးချယ်စုစည်းပြီး ဝင်ရောက်ယှဉ်ပြိုင်စေခဲ့တာဖြစ်ကြောင်း သိရသည်။
လှလှထွေး