ဆီဆိုင်မြို့နယ်၌ ဒေသဝက် (၅၀) ကောင်အား မွေးမြူရေးဘဏ်စနစ်ဖြင့် မွေးမြူမည့်အိမ်ထောင်စု (၂၅) စုထံသို့ လွှဲပြောင်းပေးအပ်ပွဲ ကျင်းပ

ဆီဆိုင် စက်တင်ဘာ ၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ ပြည်နယ်ခွင့်ပြုရန်ပုံငွေဖြင့် ဝယ်ယူဖြန့်ဖြူးသည့် ဒေသဝက် (၅၀) ကောင်အား မွေးမြူရေးဘဏ်စနစ်ဖြင့် မွေးမြူမည့်အိမ်ထောင်စု (၂၅) စုထံသို့ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် (၁၀) နာရီက နားခိုက်ကျေးရွာအုပ်စု၊ ထီတန်းကျေးရွာခန်းမ၌ ပြုလုပ်သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဆန်းဦးနှင့် အဖွဲ့ဝင်ဦးခွန်အောင်ကျော်မြင့်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာနီနီဝင်းတို့က  မွေးမြူရေးလုပ်ငန်းများ အောင်မြင်စွာ အကောင်အထည်‌ဖော်ဆောင်ရွက်နိုင်ရေးနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်တာအောင်ကျော်စိုးက ဒေသဝက် (၅၀) ကောင်ဖြန့်ဖြူးခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဆန်းဦးက ဒေသဝက် (၅၀) ကောင်နှင့်ပတ်သက်သည့် စာချုပ်စာတမ်းများအား ကျေးရွာကော်မတီထံသို့ လွှဲပြောင်းပေးအပ်ခဲ့ပြီး မွေးမြူရေးတောင်သူတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဆန်းဦးအဖွဲ့ဝင် ဦးခွန်အောင်ကျော်မြင့်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာနီနီဝင်းနှင့် တာဝန်ရှိသူများက ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ပြည်နယ်ခွင့်ပြုရန်ပုံငွေဖြင့် ဝယ်ယူဖြန့်ဖြူးသည့် ဒေသဝက် (၅၀) ကောင်အား ဒေသဝက်မွေးမြူမည့် တောင်သူများထံသို့ အသီးသီးပေးအပ်ခဲ့ကြကြောင်း သိရသည်။

မျိုးမြတ်(ဆီဆိုင်)