ကွန်ဟိန်းမြို့ Community Centre ခန်းမ၌ ကလေးအလုပ်သမားပပျောက် ရေးအသိပညာ ပေးဟောပြောပွဲဆောင်ရွက်

ကွန်ဟိန်း စက်တင်ဘာ   ၁၇

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကွန်ဟိန်းမြို့ Community Centre ခန်းမ၌ ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေးဟောပြောပွဲအား ယမန်နေ့ နံနက်(၁၀:၀၀)နာရီအချိန်ခန့်က  ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိဦးခွန်ရဲထွေးက ဟောပြောပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။ ယင်းနောက် ကလေးအလုပ်သမားဖြစ်ပေါ်ရသည့်အကြောင်းရင်းများ၊ ကလေးအလုပ်သမားပပျောက်ရေးအကြောင်းအရာများကို အသိပညာပေးဟောပြောခဲ့သည်။

အဆိုပါဟောပြောပွဲအား ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတများ တိုးပွားလာစေရန်၊ စာကြည့်တိုက်ကိုအသုံးချတတ်စေရန်၊ စာဖတ်ရှိန်မြင့်မားလာစေရန်ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ပါသည်။ ထို့နောက် ဟောပြောပွဲတက်ရောက်လာသော ကျောင်းသူကျောင်းသားများက အသိပညာပေးနံရံကပ်စာ စောင်များစိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)