စလင်း စက်တင်ဘာ ၁၈
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၌ မြို့နယ်အတွင်းရှိ အသက်(၉)နှစ်ပြည့်ပြီး(၁၂)နှစ်မကျော်သော မိန်းကလေးများအား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV)ထိုးနှံခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ဖွင့်ပွဲအခမ်းအနားကို မြို့နယ်ကျန်းမာရေးဦးစီးဌာန ခန်းမဆောင်တွင် ယနေ့နံနက်(၈)နာရီအချိန်က စတင်ဖွင့်လှစ်ထိုးနှံခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ ဦးမြင့်သိန်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ စလင်းမြို့နယ် ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာတင့်ဆွေက သားအိမ်ခေါင်းရောဂါ ကာကွယ်ဆေးကိုထိုးနှံပေးမည့် အသက်အပိုင်းအခြားမှ အသက်(၉)နှစ်ပြီးပြီးမှ (၁၂)နှစ်မကျော်သော အရွယ်ရှိရမည်ဖြစ်ကြောင်း ဆေးအမျိုးအစားမှာ (WHO)မှ အသိအမှတ်ပြုထားသည့်(Gardasil)အမည်ရှိ အရည်အသွေးကောင်းမွန်သည့် ဆေးဖြစ်ကြောင်း ပြင်ပတွင်ထိုးနှံပါက ကုန်ကျစရိတ်များပြားသည့်အတွက် နိုင်ငံတော်မှ အခမဲ့အစီအစဥ်ဖြင့် ကျောင်းအခြေပြုထိုးနှံရာတွင်လည်းကောင်း၊ ရပ်ကွက်အတွင်း အခြေပြုထိုးနှံရာတွင်လည်းကောင်း မပျက်မကွက်ထိုးနှံကြရန် အသိပညာပေး ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် ဌာနဆိုင်ရာများနှင့်တာဝန်ရှိသူများ၊ အခြေခံပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် လူမှုရေးအသင်းအဖွဲ့များက. သားအိမ်ခေါင်းကင်ဆာ ရောဂါနှင့်ပတ်သက်၍ သိလိုသည်များ ကာကွယ်ဆေးနှင့်ညလိုက်နာဖွယ်ရာများ ကာကွယ်ဆေးထိုးနှံအစီအစဥ်များကို မေးမြန်းခဲ့ကြပြီး ကျောင်းသူ(၂၁)ဦး တို့အား သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးကို ဆက်လက်ထိုးနှံပေးခဲ့ကြောင်း သိရသည်။
မောင်လွင်(စလင်း)