ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်တို့၏ လမ်းညွှန်မှာကြားချက်များအား ထပ်ဆင့်ရှင်းလင်းဆွေးနွေး

ပြည် စက်တင်ဘာ ၁၈

ဥပဒေရေးရာဝန်ကြီးဌာန၊ တတိယအကြိမ်လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်တို့၏ လမ်းညွှန်မှာကြားချက်များကို ပဲခူးတိုင်းဒေသကြီးဥပဒေချုပ် ဦးခင်မောင်တင့်က ပဲခူတိုင်းဒေသကြီး (အနောက်ခြမ်း) အတွင်း ဥပဒေအရာရှိများအား ထပ်ဆင့်ရှင်းလင်းဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက ပြည်ခရိုင်ဥပဒေရုံး၌ ကျင်းပခဲ့သည်။

ယင်းဆွေးနွေးပွဲတွင် ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးဥပဒေချုပ် ဦးခင်မောင်တင့်က ဥပဒေရေးရာဝန်ကြီးဌာန၏ လမ်းညွှန်မှာကြားချက်များ၊ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ မှာကြားချက်များ၊ တရားဥပဒေစိုးမိုးရေးနှင့် ဒေသတွင်းတည်ငြိမ် အေးချမ်းရေးအတွက် ပူးပေါင်းပါဝင်ဆောင်ရွက်ရမည့် ဥပဒေအရာရှိ၏ တာဝန်များကို ထပ်ဆင့်ရှင်းလင်းဆွေးနွေးပြောကြားခဲ့သည်။

ယင်းနောက် တက်ရောက်လာသော ပဲခူးတိုင်းဒေသကြီး (အနောက်ခြမ်း) ပြည်ခရိုင်၊ သာယာဝတီခရိုင်နှင့် နတ်တလင်းခရိုင်တို့မှ ခရိုင်နှင့်မြို့နယ်ဥပဒေအရာရှိများ၏ လုပ်ငန်းတာဝန်ဆိုင်ရာ တင်ပြချက်များအပေါ် တိုင်းဒေသကြီးဥပဒေချုပ်က ပြန်လည် ဖြည့်စွက်ဆွေးနွေးပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

ကိုဆက် (ပြန်/ဆက်)