ရခိုင်ပြည်နယ် မောင်တောမြို့၌ အမျိုးသမီးအိမ်တွင်းမှုသက်မွေးပညာ သင်တန်းကျောင်းတွင် လူငယ်စကားဝိုင်းကျင်းပ

မောင်တော စက်တင်ဘာ ၁

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့၌ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အမျိုးသမီးအိမ်တွင်းမှု သက်မွေးပညာသင်တန်းကျောင်းတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းကို စက်တင်ဘာ ၁၆ ရက်နေ့ နေ့လယ် ၂ နာရီအချိန်  အဆိုပါကျောင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မောင်တောခရိုင်ရုံးမှ  လက်ထောက်ညွန်ကြားရေးမှူး (တာဝန်ပေး) ဦးမြင့်ခိုင်က လူငယ်စကားဝိုင်းဆွေးနွေးပွဲ ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး ကျောင်းအုပ်ဆရာမကြီး ဒေါ်နီလာကြည်က မိမိတို့သင်တန်းကျောင်းရှိ သင်တန်းသူများ အသိပညာဗဟုသုတတိုးပွားပြီး၊ ဗလငါးတန် ဖွံ့ဖြိုးစေရန်အတွက် လူငယ်စကားဝိုင်းဆွေးနွေးပွဲ ပြုလုပ်ပေးမှုအပေါ် ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။ ဆက်လက်၍ လူငယ်စကားဝိုင်းကိုကျင်းပရာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မောင်တောခရိုင်ရုံးမှ လက်ထောက်ညွန်ကြားရေးမှူး (တာဝန်ပေး) ဦးမြင့်ခိုင်က ဦးဆောင်ဆွေးနွေးသူအဖြစ် ဆောင်ရွက်ကာ အမျိုးသမီးအိမ်တွင်းမှု သက်မွေးပညာသင်တန်းကျောင်းမှ  သင်တန်းသူ မသန်းနုစိုင်က “အမျိုးသားရေးတာဝန်ဖြင့် ဂေဟစနစ်ထိန်းသိမ်းရေး” ခေါင်းစဉ်ဖြင့်လည်းကောင်း၊  မဆောင်းနွယ်ခင်က “နည်းပညာဖြင့် ဈေးကွက် တန်ဖိုးမြှင့်တင်ရေး” ခေါင်းစဉ်ဖြင့်လည်းကောင်း၊  မစန္ဒာဝင်းက “လူငယ်နှင့် ကျန်းမာကြံ့ခိုင်ရေး” ခေါင်းစဉ်များဖြင့် ဆွေးနွေးခဲ့ကြရာ တက်ရောက်လာကြသော သင်တန်းသူများက သိရှိလိုသည့်များကို မေးမြန်းဆွေးနွေးရာ တာဝန်ရှိသူများက လိုအပ်သည်များအား ပြန်လည်ရှင်းလင်း ဖြေကြားပေးခဲ့ကြသည်။ ယင်းနောက် မောင်တောခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ  ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး နံရံကပ်စာစောင်၊ ဓါတ်ပုံပြပွဲနှင့် ခင်းကျင်းပြသထားသော စာအုပ်၊ စာစောင်များအား  တက်ရောက်လာကြသော သင်တန်းသူများက စိတ်ပါဝင်စားစွာဖြင့် လေ့လာကြည့်ရှုခဲ့ကြသည်။ အဆိုပါ လူငယ်စကားဝိုင်းဆွေးနွေးပွဲသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မောင်တောခရိုင်ရုံးမှ  လက်ထောက်ညွန်ကြားရေးမှူး (တာဝန်ပေး) ဦးမြင့်ခိုင်နှင့် ဝန်ထမ်းများ၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်နီလာကြည်နှင့်ဝန်ထမ်းများ၊ သင်တန်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

သက်လွင်စိုး၊အောင်ကျော်စိန်