မရမ်းကုန်း စက်တင်ဘာ ၁၇
မြန်မာနိုင်ငံကြက်ခြေနီအသင်း ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် သင်တန်းဌာနမှ ထောက်ပံ့ကူညီမှုဖြင့် ကျောင်းကြက်ခြေနီရှေးဦးပြုစုခြင်းဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းက မရမ်းကုန်းမြို့နယ် အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါဟောပြောပွဲတွင် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှုး ဦးမောင်မောင်မြင့်နှင့် နည်းပြဆရာများက ကြက်ခြေနီအကြောင်းသိကောင်းစရာများ၊ ရှေးဦးပြုစုနည်း အခြေခံသဘောတရား၊ လူနာဆန်းစစ်ခြင်း၊ စိတ်ပိုင်းဆိုင်ရာရှေးဦးပြုစုခြင်း အစရှိသည်များကို ဟောပြောပို့ချပြီး ကျောင်းသား၊ ကျောင်းသူ (၆၀) ဦး တက်ရောက်ခဲ့ပါသည်။
အေးအေးအောင်(ပြန်/ဆက်)