ရပ်စောက် စက်တင်ဘာ ၁၇
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်တွင် ကလေးငယ်များအား ကူးစက်ရောဂါများမှ ကင်းဝေးစေရန်ရည်ရွယ်၍ မြို့နယ်အတွင်းရှိ အသက်(၅)နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို စက်တင်ဘာလ ၁၅ ရက်နေ့ နံနက် ၉ နာရီမှစတင်၍ မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ ဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ဆောင်ရွက်ရာတွင် ကျန်းမာရေးဌာနမှဝန်ထမ်းများက မွေးကင်းစမှ အသက် (၅)နှစ်အထိ ကလေးငယ်များအား ပေါင်ချိန်ပေးခြင်း၊ အသက်အရွယ်အလိုက် ဘီစီဂျီ၊ ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်အသားဝါ၊ ဦးနှောက်အမှေးရောင် (ငါးမျိုးစပ်ကာကွယ်ဆေး)၊ ပြင်းထန်အဆုတ်ရောင်(ဗီစီဗီ)၊ ဝက်သက်-ဂျိုက်သိုးရောဂါ စသည့်ရောဂါကာကွယ်ဆေးများကို ထိုးနှံပေးပြီး ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ (ရိုတာကာကွယ်ဆေး)နှင့် ပိုလီယိုအကြောသေရောဂါကာကွယ်ဆေးတို့ကို တိုက်ကျွေးပေးခဲ့ကြကြောင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များနှင့် ကလေးငယ်မိခင်များကို ကျန်းမာရေးနှင့်ပတ်သက်သည့် အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
မြို့နယ် ပြန်/ဆက်