ကလော စက်တင်ဘာ ၁၇
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောခရိုင်၊ ကလောမြို့နယ်တွင် (၅၉) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကလောခရိုင်ရဲတပ်ဖွဲ့ဝင်များ စုပေါင်း၍ ယမန်နေ့နံနက် (၉) နာရီက ကလောမြို့ပြည်သူ့ဆေးရုံ၌ စုပေါင်း၍ သွေးလှူဒါန်းခဲ့ကြောင်း သိရသည်။
ထိုသို့သွေးလှူဒါန်းရာတွင် ကလောခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးခင်နိုင် ဦးဆောင်၍ ရဲတပ်ဖွဲ့ဝင်များက စုပေါင်းသွေးလှူဒါန်းခဲ့ရာ သွေးလှူဒါန်းသည့် ရဲတပ်ဖွဲ့ဝင်များကို ကလောခရိုင်ရဲတပ်ဖွဲ့မှူးနှင့် ကလောပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီးတို့က အဟာဖြည့်စွက်စာများ ထောက်ပံ့ပေးအပ်ခဲ့ပြီး ကြည့်ရှု့အားပေးကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)