သတင်းများ

ဘူးသီးတောင်မြို့ လူထုအခြေပြုဗဟိုဌာန၌ လူကုန်ကူးမှုအန္တရာယ် အသိပညာပေး Talk Show ကျင်းပ
Sep 15,2023
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဘူးသီးတောင်မြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ယမန်နေ့မွန်းလွှဲ (၂) နာရီချိန်က လူကုန်ကူးမှုအန္တရာယ်အသိပညာပေး Talk Show ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ခန္တီးမြို့နယ်၌ လက်ဖက်စိုက်ပျိုးထုတ်လုပ်တောင်သူများနှင့် လက်ဖက်လုပ်ငန်းရှင်များ တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်
Sep 15,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ်တွင် လက်ဖက်စိုက်ပျိုးထုတ်လုပ်သူတောင်သူများနှင့် လက်ဖက်လုပ်ငန်းရှင်များ တွေ့ဆုံဆွေးနွေးပွဲကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးတွင် ယမန်နေ့နံနက် (၁၀)နာရီအချိန်က ကျင်းပခဲ့သည်။
ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် ဗန်းမော်ခရိုင်အတွင်း ဝက်မွေးမြူရေးစံပြကျေးရွာအဖြစ် အကောင်အထည်ဖော်ဆောင်ရွက်သွားမည့် (၇)မိုင်အောင်သာကျေးရွာ ဝက်မွေးမြူရေး ဆောင်ရွက်နေမှုနှင့် ခရိုင်မနောကွင်း တည်ဆောက်နေမှုအား ကြည့်ရှုစစ်ဆေး
Sep 15,2023
ကချင်ပြည်နယ် ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့နယ် (၇)မိုင်အောင်သာကျေးရွာအား ဝက်မွေးမြူရေး စံပြကျေးရွာအဖြစ် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်  ၈ နာရီခွဲ အဆိုပါ ကျေးရွာရှိ ဝက်မွေးမြူရေးလုပ်ငန်းများအား သွားရောက်ကွင်းဆင်း စစ်ဆေးကြသည်။
ရွှေဘိုမြို့၌ ဌာနဆိုင်ရာဝန်ထမ်းများအား စားသုံးဆီများကို ပြင်ပပေါက်စျေးထက် လျှော့ချရောင်းပေး
Sep 15,2023
စစ်ကိုင်းတိုင်းဒေသကြီး ​ရွှေဘိုခရိုင်၊ ​ရွှေဘိုမြို့တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှု၊ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၊ ​ရွှေဘိုခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီမံဆောင်ရွက်မှုဖြင့် ဌာနဆိုင်ရာဝန်ထမ်းများအား စားသုံးဆီများကို ပြင်ပပေါက်စျေးထက် လျှော့ချ၍ ယမန်​နေ့ မွန်းလွဲပိုင်းအချိန်က အ​ထွေ​ထွေအုပ်ချုပ်​ရေးဦးစီးဌာန စု​ပေါင်းရုံးတွင် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
တနင်္သာရီမြို့နယ်တွင် သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV)ထိုးနှံပေးရေး ညှိနှိုင်းအစည်းအဝေးပြုလုပ်
Sep 15,2023
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင် တနင်္သာရီမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှကြီးမှူး၍ အသက်(၉)နှစ်ပြည့်ပြီး အသက်(၁၂)နှစ်မကျော်သေးသည့် မိန်းကလေးများအားလုံးကို သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး (HPV) ထိုးနှံပေးရေး ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွှဲ ၂ နာရီအချိန်က မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံးခန်းအတွင်း ကျင်းပပြုလုပ်ကြောင်း သိရှိရသည်။
မြောင်းမြမြို့၌ MSMEs လုပ်ငန်းများ အစားအသောက် ဘေးကင်းရေး အသိပညာပေးဟောပြောပွဲ ကျင်းပ
Sep 15,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြရွှေဝါခန်းမတွင် တိုင်းဒေသကြီးအစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ MSMEs လုပ်ငန်းများ အစားအသောက်ဘေးကင်းရေး အသိပညာပေး ဟောပြောပွဲကို စက်တင်ဘာလ ၁၃ရက်နေ့ နံနက် ၉:၃၀နာရီအချိန်က ကျင်းပခဲ့သည်။
ရွှေတောင်မြို့နယ်တွင် ဧရာဝတီမြစ်ရေပြန်လည်ချဆင်း၍ နေအိမ်များသို့ ပြန်လည်ပြောင်းရွေ့
Sep 15,2023
ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်အတွင်း ဧရာဝတီမြစ်ရေပြန်လည်ချဆင်း၍ နေအိမ်များသို့ ပြန်လည်ပြောင်းရွေ့ နေထိုင်ကြကြောင်း သိရသည်။
မုဒုံမြို့ အ.ထ.က (ကော့ပရံ) စာသင်ကျောင်းတွင် လူငယ်စကားဝိုင်းကျင်းပ
Sep 15,2023
မွန်ပြည်နယ် မုဒုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသား/ သူလူငယ်လူရွယ်များ အသိပညာဗဟုသုတများပြည့်စုံပြီး ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်အတွက် လူငယ်စကားဝိုင်းကို ယနေ့နံနက် ၁၀ နာရီက အ.ထ.က (ကော့ပရံ) စာသင်ကျောင်းခန်းမ၌ ကျင်းပသည်။