ဘူးသီးတောင် စက်တင်ဘာ ၁၅
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဘူးသီးတောင်မြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ယမန်နေ့မွန်းလွှဲ (၂) နာရီချိန်က လူကုန်ကူးမှုအန္တရာယ်အသိပညာပေး Talk Show ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးအေးအောင်က လူကုန်ကူးမှု အန္တရာယ်အသိပညာပေး Talk Show ပြုလုပ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး လူကုန်ကူးမှု ဖြစ်လာရသည့်အကြောင်း၊ လူကုန်ကူးမှုအဓိပ္ပာယ်ဖွင့်ဆိုချက်များ၊ လူမှောင်ခိုကူးမှုများ၊ လူကုန်ကူးမှုတားဆီး ကာကွယ်ရေး ဆိုင်ရာများကိုလည်းကောင်း၊ ဒုတိယဦးစီးမှူး ဒေါ်ခင်စောမိုးက ပြစ်မှု၊ ပြစ်ဒဏ်များ၊ လူကုန်ကူးမှုနှင့်ပတ်သက်သည့် သိရှိထားသင့်သည့် ဆောင်ရန်ရှောင်ရန်အချက်များ စသည့်အကြောင်းအရာများကိုလည်းကောင်း အများပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေးအတွက် ဆွေးနွေးခဲ့ကြသည်။
ဘူးသီးတောင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ အသိပညာဗဟုသုတရရှိစေရေးအတွက် (Talk Show) အစီအစဉ်များကို လစဉ်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ အရပ်ဘက်အဖွဲ့အစည်းများဖြင့် ပူးပေါင်း၍ အများပြည်သူတို့ သိသင့်သိထိုက်သည့် အသိပညာပေးအစီအစဉ်များကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
လှကျော်(ပြန်/ဆက်)