ရွှေဘိုမြို့၌ ဌာနဆိုင်ရာဝန်ထမ်းများအား စားသုံးဆီများကို ပြင်ပပေါက်စျေးထက် လျှော့ချရောင်းပေး

​ရွှေဘို စက်တင်ဘာ ၁၅

စစ်ကိုင်းတိုင်းဒေသကြီး ​ရွှေဘိုခရိုင်၊ ​ရွှေဘိုမြို့တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှု၊ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၊ ​ရွှေဘိုခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီမံဆောင်ရွက်မှုဖြင့် ဌာနဆိုင်ရာဝန်ထမ်းများအား စားသုံးဆီများကို ပြင်ပပေါက်စျေးထက် လျှော့ချ၍ ယမန်​နေ့ မွန်းလွဲပိုင်းအချိန်က အ​ထွေ​ထွေအုပ်ချုပ်​ရေးဦးစီးဌာန စု​ပေါင်းရုံးတွင် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးခြင်းကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးဦးနှင့် အဖွဲ့ဝင်များ၏ ဦးဆောင်မှုဖြင့် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဝန်ထမ်းများက လွတ်လပ်စွာ ဝယ်ယူနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိရာ ဝန်ထမ်းတစ်ဦးလျှင် စားသုံးဆီ ငါးဆယ်သား တစ်ဘူး ၂၅၀၀ ကျပ်ဖြင့် ရောင်းချပေးခဲ့​ကြောင်း သိရသည်။​  

ခရိုင်ပြန်/ဆက်