ရွှေတောင်မြို့နယ်တွင် ဧရာဝတီမြစ်ရေပြန်လည်ချဆင်း၍ နေအိမ်များသို့ ပြန်လည်ပြောင်းရွေ့

ရွှေတောင် စက်တင်ဘာ ၁၅

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်အတွင်း ဧရာဝတီမြစ်ရေပြန်လည်ချဆင်း၍ နေအိမ်များသို့ ပြန်လည်ပြောင်းရွေ့ နေထိုင်ကြကြောင်း သိရသည်။

ဧရာဝတီမြစ်ရေပြန်လည်ချဆင်း၍ ယွန်းတန်းရပ်ကွက် အေးစေတီဘုရားဝန်း၊ ရွှေမျက်မှန်ဘုန်းကြီးကျောင်း၊ သရက်တောရပ်ကွက်အတွင်းရှိ နီးစပ်ရာဆွေမျိုးအိမ်၊ ကြာနီကန်ရပ်ကွက်အတွင်းရှိ သာသနာ့ဗိမ္မာန်၊ မဟာဝုဏ်ကျောင်းကြီးကျောင်း၊ မင်းတဲကျွန်းကျေးရွာအုပ်စုရှိ ဆုတောင်းပြည့်ဘုရားဝန်းနှင့် ဇီးကျွန်းကျေးရွာအုပ်စုရှိ နီးစပ်ရာဆွေမျိုးအိမ်တို့ နေထိုင်သည့်အိမ်ခြေ (၃၄) အိမ်၊ အိမ်ထောင်စု (၃၄) စု၊ လူဦးရေ (၁၂၇) ဦးတို့ ဧရာဝတီမြစ်ရေပြန်လည်ချဆင်း၍ လည်းကောင်းတို့၏ မူလနေထိုင်သည့်အိမ်များသို့ ပြန်လည်ပြောင်းရွေ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟံဝင်းအောင်၏ ကြီးကြပ်မှုဖြင့် သက်ဆိုင်ရာရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများက ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ကိုကိုမင်း (ပြန်/ဆက်)