မြောင်းမြမြို့၌ MSMEs လုပ်ငန်းများ အစားအသောက် ဘေးကင်းရေး အသိပညာပေးဟောပြောပွဲ ကျင်းပ

မြောင်းမြ စက်တင်ဘာ ၁၅

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြရွှေဝါခန်းမတွင် တိုင်းဒေသကြီးအစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ MSMEs လုပ်ငန်းများ အစားအသောက်ဘေးကင်းရေး အသိပညာပေး ဟောပြောပွဲကို စက်တင်ဘာလ ၁၃ရက်နေ့ နံနက် ၉:၃၀နာရီအချိန်က ကျင်းပခဲ့သည်။

ဟောပြောပွဲတွင် မြောင်းမြခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းဌေးက အဖွင့်အမှာစကား ပြောကြားပြီး အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ တိုင်းဦးစီးမှူး ဒေါက်တာမျိုးထွန်းကျော်က အစားအသောက် အန္တရာယ်ကင်းရှင်းရေးနှင့် ပတ်သက်၍ power point ဖြင့် ရှင်းလင်းဆွေးခဲ့သည်။

ဆက်လက်၍ ဒုတိယကြီးကြပ်ရေးမှူး ဒေါ်ကေခိုင်ငြိမ်းမှ အစားအသောက်ထုတ်လုပ်ခြင်း ထောက်ခံချက် လျှောက်ထားခြင်းနှင့် ပတ်သက်၍ ဟောပြောဆွေးနွေးပါသည်။

ထို့နောက် တက်ရောက်လာသော လုပ်ငန်းရှင်များက ဆွေးနွေးမေးမြန်းရာ တာဝန်ရှိသူ ဟောပြောသူများက ပြန်လည်ဖြေကြား ဆွေးနွေးခဲ့သည်။

အဆိုပါအခမ်းအနားကို ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲဥက္ကဋ္ဌများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြောင်းမြ၊ အိမ်မဲ၊ ဝါးခယ်မမြို့နယ်တို့မှ လုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

ဝေဝေ(မြောင်းမြ)