မုဒုံ စက်တင်ဘာ ၁၅
မွန်ပြည်နယ် မုဒုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသား/ သူလူငယ်လူရွယ်များ အသိပညာဗဟုသုတများပြည့်စုံပြီး ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်အတွက် လူငယ်စကားဝိုင်းကို ယနေ့နံနက် ၁၀ နာရီက အ.ထ.က (ကော့ပရံ) စာသင်ကျောင်းခန်းမ၌ ကျင်းပသည်။
လူငယ်စကားဝိုင်းတွင် မုဒုံမြို့နယ်ပညာရေးမှူးရုံးမှ လက်ထောက်ပညာရေးမှူး ဒေါ်ကေသီစံက အမှာစကားပြောကြားပြီး မုဒုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက် ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မိုးမိုးစန္ဒာထွန်းက ကျောင်းသားလူငယ်များ အသိပညာဗဟုသုတများ တိုးပွားစေပြီး ပြန်လည်မျှဝေပေးနိုင်ရန်၊ ကျောင်းသား/သူ အချင်းချင်းစည်းလုံးညီညွတ်၍ ချစ်ခင်ရင်းနှီးမှုကို ပိုမိုရရှိစေရန်နှင့် ပူးပေါင်း ဆောင်ရွက်တက်သည့် အလေ့အထကောင်းများရရှိစေရန် စသည့်ရည်ရွယ်ချက်များဖြင့် ကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ဦးဆောင်ဆွေးနွေးသူအဖြစ် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဦးစီးအရာရှိက ဆောင်ရွက်ပေးခဲ့ပြီး မောင်ကျော်မင်းထွန်း (Grade- 11)က လူငယ်နှင့်ကျန်းမာရေး၊ မသဲသဲလင်း (Grade-11 )က လူငယ်နှင့်ပညာရေး၊ မစုလဲ့နွယ် (Grade-11)က လူငယ်နှင့်ယဥ်ကျေးမှု၊ မောင်အာကာဖြိုး (Grade-11)က လူငယ်နှင့်စာဖတ်ခြင်း အကျိုးကျေးဇူးခေါင်းစဥ်တို့ဖြင့် အသီးသီးဆွေးနွေးခဲ့ကြပြီး တက်ရောက်လာကြသည့် ကျောင်းသား/ သူများ၏ မေးမြန်းမှုများကို ပြန်လည် ဖြေကြားပေးခဲ့ကြောင်း သိရသည်။
သားငယ် (ပြန်/ဆက်)