သတင်းများ

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း ရန်ကုန်မြို့ မဟာသဒ္ဓမ္မဇောတိကဓဇ သီလရှင်ဆရာကြီး ဒေါ်ခေမာစာရီနှင့် ခုနစ်ရက်သားသမီးအပေါင်းမှ ကုသိုလ်ဒါနပြုလုပ်
Oct 01,2023
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း ရန်ကုန်မြို့ မဟာသဒ္ဓမ္မဇောတိကဓဇ သီလရှင်ဆရာကြီး ဒေါ်ခေမာစာရီနှင့် ခုနစ်ရက်သားသမီးအပေါင်းမှ စက်တင်ဘာ ၂၉ ရက်၊ တော်သလင်းလပြည့် (ဂရုဓမ္မအခါ တော်)နေ့မှစတင်ပြီး မြန်မာပြည်ကြီး အေးချမ်းစည်ပင်ဝပြောစေရန် ကုသိုလ်ဒါနပြုလှူဒါန်းလျက်ရှိကြောင်းသိရသည်။
ပေါက်တောမြို့၌ (၅၉)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနားကျင်းပ
Oct 01,2023
ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်တွင် (၅၉) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး၌ ကျင်းပခဲ့သည်။
ဟားခါးမြို့၌ စမ်းသပ်သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်း စတင်ဆောင်ရွက်
Oct 01,2023
၂၀၂၄ ခုနှစ်တွင် ကောက်ယူမည့် သန်းခေါင်စာရင်းအတွက် စမ်းသပ်သန်းခေါင်စာရင်း ကောက်ယူခြင်း လုပ်ငန်းကို ယနေ့နံနက် ၉ နာရီက ချင်းပြည်နယ်၊ ဟားခါးမြို့၊ စျေးသစ်ရပ်ကွက်တွင် စတင်ကောက်ယူလျက်ရှိကြောင်း သိရသည်။
တောင်ကုတ်မြို့၌ (၅၉)နှစ်မြောက်မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ ဂုဏ်ပြုပွဲအခမ်းအနားကျင်းပ
Oct 01,2023
ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့တွင် (၅၉)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ ဂုဏ်ပြုပွဲအခမ်းအနားကို ယနေ့နံနက် (၉)နာရီအချိန်က ခရိုင်ရဲတပ်ဖွဲ့မှူးရုံး အစည်းအဝေးခန်းမ ၌ကျင်းပပြုလုပ်ခဲ့သည်။
စနစ်သစ်တက္ကသိုလ်ဝင်တန်း Grade – 12 အောင်ချက်မြင့်မားရေးအတွက် ဟားခါးတက္ကသိုလ်မှ ဘာသာရပ်ဆိုင် ဆရာ/ဆရာမများ၏ အပတ်စဉ် စနေနေ့နှင့် တနင်္ဂနွေနေ့တိုင်း အားဖြည့် သင်ကြားပို့ချပေးခြင်း ဖွင့်ပွဲအခမ်းအနား ကျင်းပ
Oct 01,2023
စနစ်သစ်တက္ကသိုလ်ဝင်တန်း Grade – 12 အောင်ချက်မြင့်မားရေးအတွက် ဟားခါးတက္ကသိုလ်မှ ဘာသာရပ်ဆိုင်ရာ ဆရာ/ဆရာမများ၏ အပတ်စဉ် စနေနေ့နှင့် တနင်္ဂနွေနေ့တိုင်း အားဖြည့်သင်ကြားပို့ချပေးခြင်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက ဟားခါးမြို့၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၊ ဗိုလ်တိုက်ချွန်းခန်း၌ ကျင်းပပြုလုပ် သည်။
မြဝတီမြို့၌  ကျောင်းသား၊ ကျောင်းသူများ ဘက်စုံပညာထူးချွန်ထက်မြက်နေစေရန် ကျောင်းပေါင်းစုံ ဘောလုံးပြိုင်ပွဲ ကျင်းပပေး
Oct 01,2023
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်  မြို့နယ်ပညာရေးမှူးဖလား အခြေခံပညာ ကျောင်းပေါင်းစုံ ဘောလုံးပြိုင်ပွဲ   ကွင်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉  နာရီက အခြေခံပညာအထက်တန်းကျောင်း(ရွှေကုက္ကိုလ်မြိုင်)တွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ရာ မြို့နယ် ပညာရေးမှူးဦးမြင့်ဦး၊ ရွှေကုက္ကိုလ်မြိုင် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးသန်းရွှေနှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။
ငဖဲမြို့နယ်၌ (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာအဆို၊အက၊အရေး၊အတီးပြိုင်ပွဲ တိုင်းဒေသကြီးအဆင့်တွင် ပထမဆုရရှိသူ ကျောင်းသူ(၂)ဦးအား ဂုဏ်ပြုချီးမြှင့်ပွဲကျင်းပ
Oct 01,2023
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်၌  ၂၀၂၃ ခုနှစ် စက်တင်ဘာလအတွင်း ကျင်းပပြုလုပ်သည့် မကွေးတိုင်းဒေသကြီးအဆင့် (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာ အဆို၊အက၊အရေး၊အတီး ပြိုင်ပွဲတွင် ငဖဲမြို့နယ်မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည့် အဆို နှင့်အကပြိုင်ပွဲတွင် ပထမဆုရရှိခဲ့ကြသော ကျောင်းသူ (၂)ဦးအား ဂုဏ်ပြုဆုချီးမြှင့်ပွဲအခမ်းအနားကိုယနေ့နံနက် ၁၀ နာရီက မြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရခိုင်ပြည်နယ် မောင်တောမြို့၌ အောင်ဗလကျေးရွာနေ ပြည်သူများသို့ စားသုံးဆီ တစ်ပိဿာလျှင် ၄၉၀၀ ကျပ်နှုန်းဖြင့် ရောင်းချပေး
Oct 01,2023
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့၌ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်း အစီအစဉ်ဖြင့် ရခိုင်ပြည်နယ်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ စားသုံးသူပြည်သူများသို့ စက်တင်ဘာ ၂၉ ရက်နေ့ ညနေ ၄ နာရီ အချိန် အောင်ဗလကျေးရွာအတွင်း ရောင်းချပေးခဲ့ရာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြသည်။