သတင်းများ

ကေ့ာကရိတ်မြို့နယ်၌ အသက် ၉ နှစ်နှင့် ၁၂ နှစ်အကြား အမျိုးသမီးငယ်များအား သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးထိုးနှံနိုင်ရေး အစည်းအဝေးပြုလုပ်
Sep 15,2023
ကရင်ပြည်နယ်၊ ကေ့ာကရိတ်မြို့တွင် အသက် (၉) နှစ်ပြည့်ပြီး (၁၂) နှစ်မကျော်သော မိန်းကလေးများအား သားအိမ်ခေါင်းကင်ဆာကာကွယ် ဆေး (HPV) ထိုးနှံခြင်းနှင့် ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်  ၉ နာရီအချိန်က ခရိုင်ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ သင်တန်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မင်းဘူး(စကု)မြို့နယ်၌ ယခုနှစ် မိုးစပါးကို ဧကပေါင်း ၄၀၉၀၀ ကျော် စိုက်ပျိုးပြီးစီးပြီး စီမံကိန်း လျာထားချက်ထက် ဧက ၁၇၀ ကျော် ပိုမိုစိုက်ပျိုးနိုင်ခဲ့
Sep 15,2023
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ ဆန်၊ စပါးဖူလုံစေရန် ၂၀၂၃ ခုနှစ်၊ စပါးစိုက်ပျိုးရာသီတွင် မိုးစပါးကို ဧကပေါင်း ၄၀၉၀၀ ကျော် စိုက်ပျိုးပြီးစီးသွာပြီဖြစ်ကာ စီမံကိန်း လျာထားချက်ထက် ဧကပေါင်း ၁၇၀ ကျော် ပိုမိုစိုက်ပျိုးနိုင်ခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးနာမှ သိရသည်။
တောင်တွင်းကြီးမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် စာဖတ်ဝိုင်း ကျင်းပ
Sep 15,2023
ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ငယ်ရွယ်စဉ် ကလေးဘဝမှစတင်၍ စာအုပ်စာပေနှင့် ရင်းနှီးစေရန်၊ စာကြည့်တိုက်များသို့ စဉ်ဆက်မပြတ် ဝင်ထွက်သွားလာတက်သည့် အလေ့အထများ ဖြစ်ပေါ်စေရန်၊ စဉ်းစားတွေးခေါ်မှု အားကောင်းစေရန် ရည်ရွယ်၍ မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ပြည်သူ့စာကြည့်တိုက်တွင် ယမန်နေ့ မွန်းလွဲပိုင်းက စာရေးဆရာ ဗန်းမော်သိန်းဖေ၏ "မျှဝေလိုသောအတွေးများ-၄" စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြောင်း သိရသည်။
မြစ်သားမြို့နယ်တွင် သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး(HPV) ထိုးနှံပေးနိုင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ ပြုလုပ်
Sep 15,2023
မန္တလေးတိုင်းဒေသကြီး၊   ကျောက်ဆည်ခရိုင်၊  မြစ်သားမြို့နယ်တွင် အသက်(၉)နှစ်ပြည့်ပြီး(၁၂)နှစ် မကျော်သောအမျိုးသမီးငယ်များအားမြို့နယ်အဆင့် သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး(HPV)ထိုးနှံပေးနိုင်ရေး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်ပညာရေးဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များအား ယမန်နေ့နံနက်(၁၀)နာရီအချိန်က မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ ပြုလုပ်ခဲ့သည်။
ပုဂံကမ္ဘာ့အမွေအနှစ်ဒေသ ရွှေလိပ်ဥဘုရားရှိ လောကနာထမတ်ရပ်နတ်ရုပ်ပုံကြီးများနှင့် အမိုးနံရံရှိ ပုဂံခေတ်နံရံပန်းချီများကို လေ့လာနိုင်
Sep 15,2023
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံကမ္ဘာ့အမွေအနှစ်ဒေသ ညောင်ဦးမြို့မှ ပုဂံမြို့ဟောင်းသွားကားလမ်းဘေး ထီးလိုမင်းလိုဘုရားအရှေ့ဘက် ရွှေလိပ်ဥဂူဘုရားရှိ ထိုင်တော်မူ ဆင်းတုတော်ဘုရားဖူးမြှော်ပြီး ဂူဘုရားအတွင်းရှိ လောကနာထမတ်ရပ်နတ် ရုပ်ပုံကြီးများနှင့် မိုးနံရံများရှိ ပုဂံခေတ်နံရံပန်းချီများကို လေ့လာနိုင်ကြောင်း သိရသည်။
ဟုမ္မလင်းမြို့၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ
Sep 15,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့၌ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကို ယမန်နေ့နေလည် (၁)နာရီက ဟုမ္မလင်းကောလိပ်၊ ချင်းတွင်းဆောင်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
လိပ်သိုမြို့ လူထုအခြေပြုဗဟိုဌာန၌ မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲဆောင်ရွက်
Sep 15,2023
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့တွင် ဒေသနေပြည်သူများ၊ ကျောင်းသား/ကျောင်းသူများ မူးယစ်ဆေးဝါးအန္တရာယ်နှင့် ပတ်သက်၍ အသိပညာဗဟုသုတရရှိစေရန်၊ လူသားမျိုးနွယ်တစ်ရပ်လုံးကို ပျက်သုဉ်းစေနိုင်သည့် မူးယစ်ဆေးဝါး၏အန္တရာယ်ကြီးမားပုံကို မျိုးဆက်သစ်လူငယ်များ သိရှိလိုက်နာဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းကို မြို့ဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့မွန်းလွဲ ၂ နာရီခွဲအချိန်က ပြုလုပ်ခဲ့သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူ မိုးညှင်းခရိုင်အတွင်း လူထုနှင့်တွေ့ဆုံ၊ အစိုးရ စက်မှုလက်မှုသိပ္ပံကျောင်း၌ သင်ကြားရေးလုပ်ငန်းများဆောင်ရွက်မှုနှင့် မိုးညှင်းတက္ကသိုလ် (၃)ထပ် စာသင်ဆောင်သစ် ဥဿဖရားဆောင်နှင့် မြရတနာဆောင်များအား ဖွင့်လှစ်ပေး
Sep 15,2023
ကချင်ပြည်နယ်၌ ရောက်ရှိနေသော နိုင်ငံ‌တော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူသည် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့်ဇနီး၊ ပြည်နယ်ဝန်ကြီးများနှင့်အတူ ဗန်းမော်မြို့မှ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့သို့ ယမန်နေ့နံနက် ၁၁ နာရီ ၅၅ မိနစ်တွင် တပ်မတော်ရဟတ်ယာဉ်ဖြင့် ရောက်ရှိရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအသင်း/အဖွဲ့များက ကြိုဆိုကြသည်။