သတင်းများ

ချမ်းမြသာစည်မြို့နယ်တွင် လူသုံးကုန်နှင့်စား‌‌သောက်ကုန်ပစ္စည်းများ ခွဲခြားရောင်းချမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေး
Sep 15,2023
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်အတွင်းရှိ စတိုးဆိုင်များ၊ ကုန်ပစ္စည်းအရောင်းဆိုင်များတွင် စားသောက်ကုန်ပစ္စည်း အမျိုးအမည်များ ခွဲခြားရောင်းချခြင်း၊ ကုန်အမှတ်တံဆိပ်များ ခွဲခြားရောင်းချခြင်း ရှိ/မရှိစစ်ဆေးခြင်းကို တာ၀န်ရှိသူများက ယမန်နေ့နေ့လယ်ပိုင်းတွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။
ဘီးလင်းမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေများစီးဆင်းမှုကြောင့် ကန်သာယာရပ်ကွက်အနိမ့်ပိုင်းရှိ လူနေအိမ်တချို့ရေများဝင်ရောက်
Sep 15,2023
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းပြီး၊ တောင်ကျရေများ စီးဆင်းမှုကြောင့် ကန်သာယာရပ်ကွက် (၇) အနိမ့်ပိုင်းရှိ လူနေအိမ်တချို့တွင် ယမန်နေ့ မွန်းလွဲပိုင်းက ရေများဝင်ရောက်လာသည့် အတွက်အိမ်ထောင်စု (၃၀) အား ရေဘေးကယ်ဆယ်ရေးစခန်း ဓမ္မာဝိဟာရဘုန်းကြီးကျောင်းသို့ ပြောင်းရွှေ့နေရာ ချထားပေးခဲ့သည်။
တောင်ဥက္ကလာပမြို့နယ်တွင် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေး
Sep 15,2023
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ရပ်ကွက်များအတွင်းရှိ အသက်မွေးစမှ တစ်နှစ်ခွဲအရွယ်အထိ ကလေးငယ်များအား တစ်လတစ်ကြိမ် ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်း အစီအစဉ်ဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက် (၉) နာရီအချိန်ကစ၍ အမှတ် (၆) ရပ်ကွက် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာဘရွှေ စစ်တွေမြို့၌ ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများနှင့်တွေ့ဆုံ၊ တက္ကသိုလ်များနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများအားလှည့်လည်ကြည့်ရှု
Sep 15,2023
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာဘရွှေသည် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်ဝန်ကြီးများ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ လောကာနန္ဒာစေတီတော်မြတ်ကြီးနှင့် ရှေးဟောင်းသမိုင်းဝင် စကြာမုနိဗုဒ္ဓရုပ်ပွားတော်အားဖူးမြော်ပြီး ဌာနဆိုင်ရာ၊ ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ တက္ကသိုလ်များနှင့် စစ်တွေမြို့နယ်အတွင်း ပြန်လည် ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအားလှည့်လည်ကြည့်ရှုစစ်ဆေးသည်။
မင်္ဂလာတောင်ညွန့် မြို့နယ်တွင် မြို့နယ်အဆင့်သားအိမ်ခေါင်း ကင်ဆာရောဂါကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းအတွက် လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကျင်းပ
Sep 15,2023
သားအိမ်ခေါင်းကင်ဆာရောဂါသည် ကမ္ဘာတစ်ဝှမ်းတွင် အမျိုးသမီးများ၌ စတုတ္ထမြောက်ဖြစ်ပွားမှုများပြီး အသက်ဆုံးရှုံးမှုများသည့် ရောဂါဖြစ်သည့်အတွက် အဆိုပါရောဂါကို ကာကွယ်နိုင်ရန် ရည်ရွယ်ချက်ဖြင့် ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများ ဆောင်ရွက်မည်ဖြစ်ရာ လုပ်ငန်းစဥ်များ အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့ နေ့လယ် ၂ နာရီအချိန်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရမ်းဗြဲမြို့(အ.ထ.က) ပုလုပ်တောင်ကျောင်း၌ မိုးရာသီအားကစားသင်တန်းဖွင့်လှစ်
Sep 15,2023
ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ ရမ်းဗြဲမြို့၊ (အ.ထ.က)ပုလုပ်တောင်ကျောင်း၌၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဦးဆောင်၍ မိုးရာသီအားကစားသင်တန်း Physical fitness dance (အေရိုဗစ်)သင်တန်းကို ယမန်နေ့က ဖွင့်လှစ်ခဲ့သည်။
အမ်းမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ စာပေမြတ်နိုးသူလူငယ်များနှင့် စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းကျင်းပ
Sep 15,2023
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကလေးနှင့်ဆယ်ကျော်သက်အရွယ် လူငယ်များအတွက် စာဖတ်ခြင်း စာအုပ်ဖြင့် စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းကို ယမန်နေ့ နေ့လည်အချိန်က ကျင်းပပြုလုပ်ခဲ့သည်။
ညောင်ဦးခရိုင်/မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့တို့ ပူးပေါင်းဖွင့်လှစ်သော ပန်းအလှပြင်သင်တန်းဖွင့်လှစ်
Sep 15,2023
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင်/မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့တို့ ပူးပေါင်းဖွင့်လှစ်သော ပန်းအလှပြင်သင်တန်းကို ညောင်ဦးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အနော်ရထာခန်းမ၌ ယမန်နေ့နံနက် ၁၁ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။