သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး (HPV) ထိုးနှံခြင်း လုပ်ငန်း မြို့နယ်အဆင့် အသိပေးဆွေးနွေးပွဲနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးပွဲ ကျင်းပ

ရေကြည် စက်တင်ဘာ ၁၄

ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်ခရိုင် ရေကြည်မြို့နယ်ပြည်သူ့ဆေးရုံ ဝန်းအတွင်းရှိ သင်တန်းခန်းမဆောင်တွင် သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး (HPV) ထိုးနှံခြင်း လုပ်ငန်း မြို့နယ်အဆင့် အသိပေးဆွေးနွေးပွဲနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးပွဲကို စက်တင်ဘာ ၁၂ နေ့နံနက် (၉)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင်မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ ဒေါ်အေးအေးလင်းမှ သားအိမ်ကင်ဆာရောဂါနှင့်ပတ်သတ်သော အကြောင်းအရာများအား ရှင်းလင်းပြောကြားခြင်း၊ သားအိမ်ကင်ဆာကာကွယ် ဆေးအား အသက် (၉) နှစ်မှစ၍ ထိုးနှံနိုင်ကြောင်း၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ကြီးကြပ်ရေးမှူး အဆင့်(၁) ဦးဝင်းဇော်မြင့်မှ သားအိမ်ခေါင်းရောဂါ ကာကွယ်ဆေးအား (၁၈.၉.၂၀၂၃) ရက်နေ့မှ (၂၉.၉.၂၀၂၃) ရက်နေ့အထိ ရေကြည်မြို့နယ်အတွင်းရှိ စာသင်ကျောင်း (၂၆၀)မှ ကျောင်းသူ(၄၆၆၂)ဦးအား ထိုးနှံပေးမည်ဖြစ်ကြောင်း ရှင်းလင်ပြောကြားခဲ့ပါသည်။

အဆိုပါဆွေးနွေးပွဲသို့မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးအောင်ကိုကို၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးမှူးဒေါ်သက်ရည်မွန်၊ မြို့နယ်ပညာရေးဦးစီးဌာနမှ ဒုဦးစီးမှူးဦးမြင့်ဇော်ဝင်း၊ မြို့နယ်အမျိုးသမီးရေးရာ ဌာနမှအဖွဲ့ဝင်များ ၊ ကျန်းမာရေးဝန်ထမ်းများ၊ ကျောင်းဆရာ/ဆရာမများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)