လပွတ္တာ​မြို့နယ်တွင်ရိတ်သိမ်းချွေလှေ့စက် မောင်းနှင်ထိန်းသိမ်းမှု အခြေခံသင်တန်းဖွင့်လှစ်

 

လပွတ္တာ စက်တင်ဘာ ၁၄

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့နယ်တွင်စက်မှုလယ်ယာဦးစီးဌာန၊ အမှတ် (၉၇) စက်မှုလယ်ယာစခန်းတွင် ရိတ်သိမ်းချွေလှေ့စက် မောင်းနှင်ထိန်းသိမ်းမှု (အခြေခံ) သင်တန်း အမှတ်စဥ် (၁/၂၀၂၃) ဖွင့်ပွဲအခမ်းအနားကို စက်တင်ဘာ ၁၄ နေ့ နံနက် ၉ နာရီချိန်က အဆိုပါစခန်းတွင် ကျင်းပခဲ့သည်။

အခမ်းအနားတွင် လပွတ္တာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူးဦးဇော်မျိုးညွှန့်က အဖွင့်အမှာစကားပြောကြားပြီး စက်မှုလယ်ယာဦးစီးဌာန ခရိုင်ဦးစီးမှူးဦးမြင့်ဌေးက ရိတ်သိမ်းချွေလှေ့စက် မောင်းနှင်ထိန်းသိမ်းမှု အခြေခံသင်တန်း ဖွင့်လှစ်သင်ကြားပေးရသည့် ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ စက်မှုလယ်ယာဦးစီးဌာနမြို့နယ် ဦးစီးမှူးဦးဝင်းထိုက်က သင်ထောက်ကူပစ္စည်းများ ပေးအပ်ခဲ့သည်။

အဆိုပါ ရိတ်သိမ်းချွေလှေ့စက် မောင်းနှင်ထိန်းသိမ်းမှု (အခြေခံ) သင်တန်းသို့လပွတ္တာမြို့နယ်အတွင်းရှိ ကျေးရွာများမှသင်တန်းသား (၃၀) ဦးတက်ရောက်ခဲ့ပြီး ၁၂ရက်တာ စာတွေ့လက်တွေ့ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)