တနိုင်း စက်တင်ဘာ ၁၄
ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့နယ်တွင် ၂၀၂၃ - ၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း (Grade-12) အောင်ချက်မြင့်မားရေး အခမ်းအနားကို စက်တင်ဘာလ ၁၂ ရက် နံနက် (၁၀) နာရီက အမှတ် (၁) အခြေခံပညာအထက်ကျောင်းခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒုတိယရဲမှူးကြီးဌေးဦးက အဖွင့်အမှာစကား ပြောကြားရာတွင် ယခုနှစ် တက္ကသိုလ်ဝင်တန်း (Grade-12)သည် စနစ်သစ်ပညာရေး ပထမဆုံးစတင်ဖြေဆိုရမည့်နှစ်ဖြစ်၍ ဆရာ/ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများ၊ ကျောင်းသားမိဘများနှင့် သက်ဆိုင်ရာတာဝန်ရှိသူများ အားလုံးပူးပေါင်းကာ တက္ကသိုလ်ဝင်တန်း အောင်ချက်မြင့်မားရေး ကြိုးစားဆောင်ရွက်သွားရန် လိုကြောင်း တိုက်တွန်းပြောကြားခဲ့သည်။
ထိုနောက် ခရိုင်ပညာရေးမှူး ဦးအောင်ဆွေက တက္ကသိုလ်ဝင်တန်း (Grade-12) အောင်ချက် မြင့်မားရေးအတွက် ကျောင်းသား/ကျောင်းသူများအား ဘာသာရပ်အလိုက် သင်ကြားပို့ချနေမှု အခြေအနေများနှင့် ဆက်လက်ဆောင်ရွက်ရန် အစီအစဉ်ရေးဆွဲထားရှိမှု အခြေအနေ များအား ရှင်းလင်းတင်ပြသည်။
အဆိုပါ အခမ်းအနားသို့ တနိုင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်ပညာရေးမှူး၊ ခရိုင်/မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကျောင်းအုပ်ဆရာ/ဆရာမကြီးများ၊ ဆရာ၊ ဆရာမ များနှင့် ကျောင်းသားမိဘ (၁၁၅) ဦး တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။
ပန်းအိ(တနိုင်း)