မုံရွာ စက်တင်ဘာ ၁၄
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ တောင်သူနည်းပညာဆွေးနွေးပွဲနှင့် ကျေးရွာ(၄)ရွာမှ တောင်သူ(၅၇)ထံသို့ ယူရီးယား ဓာတ်မြေဩဇာများ ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချခြင်းကို ယမန်နေ့ နံနက်ပိုင်းက အဆိုပါရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ သည်။
ဦးစွာ အခမ်းအနားသို့ တက်ရောက်လာသော တောင်သူများအား စိုက်ပျိုးဦးစီးဌာနမှ တာဝန်ရှိသူများက မိုးစပါးစိုက်ခင်းများအတွက် စပါးပင် သက်တမ်းတစ်လျှောက် ကြီးထွားဖွံ့ဖြိုးမှုအနေဖြင့် ပင်ပွားကြီးထွားမှုအပိုင်း၊ ရနံ့သန္ဓေကြီးထွားမှုအပိုင်း၊ သီးပွင့်ရင့်မှည့်ခြင်းအပိုင်း (၃)ပိုင်းရှိ သည့်အနက် ယခုအင်ပွားကြီးထွားမှုအပိုင်းတွင် ပင်ပွားထွက်ခြင်းအဆင့်သို့ ရောက်ရှိနေပြီးဖြစ်၍ အထူး ဂရုစိုက်ရန်နှင့် သဘာဝမြေဆွေးနှင့် ယူရီးယားကို အချိုးချရောစပ်အသုံးပြုရန် လိုအပ်ကြောင်းနှင့် မျိုးစေ့အရည်အသွေး ထိန်းသိမ်းနည်းပညာများကို လည်းကောင်း၊ မိုးစပါးတွင် ကျရောက်တတ်သော ပိုမွှားရောဂါများကို ဘက်စုံနည်းဖြင့် ကာကွယ်နှိမ်နှင်းခြင်းအကြောင်း သိကောင်းစရာများ ကိုလည်းကောင်း တောင်သူ နည်းပညာပေး ဆွေးနွေးပြောကြားခဲ့သည်။
ဆက်လက်ပြီး တာဝန်ရှိသူများက မုံရွာမြို့နယ်အတွင်းရှိ ပုရစ်ကုန်းတောင်/မြောက်၊ သစ်စိမ့်၊ ဆည်ကြီးတော၊ မုံရွေးစသည့် ကျေးရွာ(၄)ရွာမှ တောင်သူ(၅၇)ထံသို့ စပါးသီးနှံအတွက် ယူရီးယား ဓာတ်မြေဩဇာများကို နိုင်ငံတော်၏ သတ်မှတ်ဈေးအတိုင်း လက်ဝယ်အရောက်ရောင်းချ ပေးခဲ့ပြီး အထွက်ကောင်း မျိုးကောင်းမျိုးသန့်များကို မုံရွာမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် ဆက်သွယ်မှာယူနိုင်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)