မြောင်းမြမြို့ အ.ထ.က(၄)ကျောင်း၌ လူငယ်စကားဝိုင်းနှင့် ဟောပြောပွဲ ကျင်းပ

မြောင်းမြ စက်တင်ဘာလ ၁၃

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင် မြောင်းမြမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်များဗလငါးတန်ပြည့်စုံစေရေး၊ အသိပညာဗဟုသုတ တိုးပွားစေရေး၊ နှုတ်မှုစွမ်းရည်ထက်မြက်ပြီး ရဲဝံ့လိမ္မာစွာစကားပြောဆိုနိုင်ရေးတို့အတွက် လူငယ်စကားဝိုင်းနှင့် ဟောပြောပွဲကို ယမန်နေ့ နေ့လယ်(၂:၀၀)အချိန်က မြောင်းမြမြို့၊ အမှတ်() အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ..က (၄) ကျောင်းအုပ်ဆရာမကြီး ဒေါ်မွှေးမွှေးလေးက အဖွင့်အမှာစကား ပြောကြားပါသည်။ ထို့နောက် မြောင်းမြခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန္ဒာထွန်းက လူငယ်စကားဝိုင်းနှင့် ဟောပြောပွဲများ  ဆောင်ရွက်ပေးရခြင်း ရည်ရွယ်ချက်များနှင့် လူငယ်နှင့်စာဖတ်ခြင်းအလေ့အထ ခေါင်းစဉ်ဖြင့်  အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။

ဆက်လက်၍ လူငယ်စကားဝိုင်းကိုကျင်းပရာ မြောင်းမြခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်ဝေဝေမြင့်က အစီအစဉ်တင်ဆက်သူအဖြစ် ဆောင်ရွက်၍ အမှတ်()အခြေခံပညာအထက်တန်းကျောင်း၊ Grade - 12 မှ မောင်မိုးဇက်ဟန်နှင့် မလှမျိုးသူတို့က "လူငယ်နှင့်ပညာရေး"၊ Grade -10 မှ မောင်နိုင်ဇော်နှင့် Grade 11 မှ မအေးသော်တာမောင်တို့က  "လူငယ်နှင့်စာရိတ္တ" ခေါင်းစဉ်တို့ဖြင့်  ဆွေးနွေးကြပြီး ဆွေးနွေးပွဲသို့ တက်ရောက်လာကြသော ကျောင်းသားကျောင်းသူများက သိလိုသည်များကို ပြန်လည်မေးမြန်းဆွေးနွေးကြရာ ဆွေးနွေးသူ ကျောင်းသား/သူများက ပြန်လည်ဖြေကြားခဲ့သည်။ ထို့နောက် ကျောင်းအုပ်ဆရာမကြီးက နိဂုံးချုပ်စကား ပြောကြားပြီးအခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့သည်။

အဆိုပါ အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အသိပညာပေး နံရံကပ်စာစောင်များနှင့် စာအုပ်/စာစောင်များ ပြသထားရာ ကျောင်းသားကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှု‌လေ့လာခဲ့ကြကြောင်း သိရသည်။

ခရိုင်ပြန်ဆက် (မြောင်းမြ)