ကန့်ဘလူမြို့၌ ပြည်သူများအား စားသုံးဆီများကို သက်သာသောနှုန်းထားဖြင့် ဆက်လက်ရောင်းချပေး

ကန့်ဘလူ စက်တင်ဘာ ၁၄

ပြည်သူများ၏ နေ့စဥ်စားသောက်ရေးအတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုစေရန် ရည်ရွယ်၍  စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်မှု ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့များ၏ စီစဥ်ဆောင်ရွက်မှုဖြင့် စားသုံးဆီးများအား ပြင်ပပေါက်စျေးထက် လျှော့ချကာ ရောင်းချပေးခြင်းကို ကန့်ဘလူမြို့ စည်ပင်သာယာခန်းမ၌ ယမန်နေ့ နံနက် ၇ နာရီက ဆက်လက်ရောင်းချပေးရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးရွှေအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဘုန်းထက်နိုင်မြင့်နှင့် အဖွဲ့ဝင်များက လာရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။

ထိုသို့ရောင်းချပေးရာတွင် ပြည်သူများ အလွယ်တကူဝယ်ယူနိုင်ရေးအတွက်  မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၏ ကြီးကြပ်မှုဖြင့် လာရောက်ဝယ်ယူသူ ပြည်သူများအား စားသုံးဆီ ၅၀ ကျပ်သားကို ၂၅၀၀ နှုန်းဖြင့် ရောင်းချပေးခြင်းဖြစ်ကြောင်းနှင့် အဆိုပါနေ့ က လူဦးရေ ၁၂၀၀ အတွက် ရောင်းချပေးခဲ့ကြောင်း သိရသည်။

ထို့ပြင် အဆိုပါခန်းမ၌ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဆေးပေးခန်းဖွင့်လှစ်၍ ကျန်းမာရေးဝန်ထမ်းများက လာရောက်ပြသ သူ ပြည်သူများအား သွေးပေါင်ချိန်တိုင်းတာ ပေးခြင်း၊ သွေးချိုဆီးချို စစ်ဆေးပေးခြင်းနှင့် လိုအပ်သည့်ကျန်းမာရေးစစ်ဆေးကုသခြင်းများကို အခမဲ့ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အောင်ဝင်းငြိမ်း(ကန့်ဘလူ)