ခန္တီးမြို့နယ်တွင် (၅၉)နှစ်မြောက်မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အထိမ်းအမှတ် စုပေါင်းသန့်ရှင်ရေး ဆောင်ရွက်

ခန္တီး စက်တင်ဘာလ ၁၄

၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ(၁)ရက်နေ့တွင် ကျရောက်သော (၅၉)နှစ်မြောက်ရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ခန္တီးခရိုင်ရဲတပ်ဖွဲ့မှ ခန္တီးမြို့၊ ဇီးဖြူကုန်းတွဲဘက်အလယ် တန်းကျောင်းတွင် ယနေ့နံနက် ၀၇း၀၀ အချိန် စာသင်ကျောင်းဝန်းအတွင်း ချုံနွယ်မြက်ပင်များရှင်းလင်းခြင်း၊ စာသင်ခန်းအတွင်း သန့်ရှင်းရေးပြုလုပ်ပေးခြင်း၊ ကျောင်းအိမ်သာများ သန့်ရှင်းရေးပြုလုပ် ထုံးဖြန်းပေးခြင်းစသည့် ပြည်သူ့အကျိုးပြု စုပေါင်းသန့်ရှင်းရေး ပြုလုပ်ခဲ့ကြပါသည်။

အဆိုပါစုပေါင်းသန့်ရှင်းရေးအား ခန္တီးခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး သန်းဇော်ထိုက် ဦးစီးတပ်ဖွဲ့ဝင်(၄၆)ဦးတို့မှ ဇီးဖြူကုန်း တွဲဘက်အလယ်တန်းကျောင်းအုပ်ကြီး ဦးတားမီ၊ ဆရာ/ဆရာမများ နှင့် ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

အေးခိုင်(ပြန်/ဆက်)