ညောင်တုန်း စက်တင်ဘာ ၁၄
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းနယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ရေဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ပိုစတာကို ယနေ့ နံနက်ပိုင်းက ဗိုလ်ချုပ်လမ်းတွင် စိုက်ထူခဲ့သည်။
အဆိုပါ ရေဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးပိုစတာတွင် ရေဘေးအတွက် ကြိုတင်ပြင်ဆင်ရန်များ၊ ရေကြီး ခြင်းသတိပေးချက်ရလျှင် ဆောင်ရွက်ရန်များ၊ ရေကြီးခြင်း ဖြစ်ပေါ်ချိန်တွင် လိုက်နာရန်အချက်များ၊ ရှောင်ရှား သင့်သည့် အချက်များ၊ ရေကြီးပြီးနောက် ပြုလုပ်ရန်အချက် များ၊ ရှောင်ရှားသင့်သည့်အချက်များ၊ သဘာဝဘေး အန္တရာယ်ကြုံတွေ့ပါက ဆက်သွယ်ရမည့် လိပ်စာနှင့် ဖုန်းနံပါတ်များ စသည့် ရေဘေးနှင့် ပတ်သက်သည့် အသိပညာပေး အကြောင်းအရာများပါဝင်သော အသိပညာပေးပိုစတာကို မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်အေးမိုးလှိုင်နှင့် ဝန်ထမ်းများ၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်တင်ဝင်လှိုင်နှင့် ဝန်ထမ်း များက စိုက်ထူခဲ့ကြပြီး ရေဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြောင်း သိရသည်။
ထက်ဝေဖြိုး(ပြန်/ဆက်)