ပုသိမ် စက်တင်ဘာ ၁၄
၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ (၁၆)ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဧရာဝတီတိုင်းဒေသကြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အထက်တန်းအဆင့် စာစီစာကုံးနှင့်အလယ်တန်းအဆင့် ပန်းချီပြိုင်ပွဲကို ပုသိမ်မြို့၊ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၌ ယနေ့နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ အထက်တန်းအဆင့် စာစီစာကုံးနှင့်အလယ်တန်းအဆင့် ပန်းချီပြိုင်ပွဲကို အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများက "ရာသီဥတု ပြောင်းလဲမှုလျှော့ချရေး အိုဇုန်းလွှာထိန်းသိမ်းကာကွယ်ပေး" ခေါင်းစဉ်ဖြင့် ပါဝင်ယှဉ်ခဲ့ကြပြီး ဆုရရှိသူများအား ၂၀၂၃ ခုနှစ်၊ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနားတွင် ဆုများပေးအပ်ချီးမြှင့်မည်ဖြစ်ကြောင်း သိရသည်။
မြင့်ဟန် (ပြန်/ဆက်)