သတင်းများ

နမ့်ခမ်းမြို့တွင် အမျိုးသမီးပြည်သူများ သားအိမ်ခေါင်းကင်ဆာရောဂါဖြစ်ပွားမှုကင်းဝေးစေရန် သားအိမ်ခေါင်းကင်ဆာရောဂါအသိပညာပေးဆွေးနွေးဟောပြောခြင်းလုပ်ငန်းများ ဆောင်ရွက်
Sep 15,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့ ကုတင်(၁၀၀)ဆံ့ပြည်သူ့ဆေးရုံရှိခန်းမ၌ ယမန်နေ့ညနေ (၂)နာရီအချိန်က မြို့နယ်အတွင်းရှိ အမျိုးသမီးပြည်သူများ သားအိမ်ခေါင်းကင်ဆာရောဂါဖြစ်ပွားမှုကင်းဝေစေရရန်ရည်ရွယ်၍ သားအိမ်ခေါင်းကင်ဆာရောဂါအကြောင်း အသိပညာပေးဆွေးနွေးဟောပြောခြင်းလုပ်ငန်းများ ဆောင်ရွက်ကြောင်း သိရသည်။
ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် မြစ်ကြီးနားမြို့လယ်ကုန်းရပ်ကွက်နေ ပြည်သူများအား သက်သာဈေး ဖွင့်လှစ်ရောင်းချပေးနေမှုအား ကြည့်ရှုစစ်ဆေး
Sep 15,2023
ပြည်သူများ စားဝတ်နေရေး အဆင်ပြေစေရေးနှင့် ကုန်ဈေးနှုန်းကြီးမြှင့်မှုကို ထိန်းချုပ်၍ ပြည်သူများ ဝန်ထုတ်ဝန်ပိုးမဖြစ်ပေါ်စေရေး ကချင် ပြည်နယ်အစိုးရအဖွဲ့၏စီမံမှုဖြင့် မြစ်ကြီးနားမြို့ အပါအဝင် ခရိုင်မြို့ကြီးများအားလုံးတွင် အခွန်လွတ်ဈေး၊ သက်သာဈေးများဖွင့်လှစ်၍ ပြင်ပပေါက် ဈေးနှုန်းထက် ပိုမိုချိုသာသောဈေးနှုန်းဖြင့် ရောင်းချပေးလျက်ရှိရာ ယနေ့ နံနက်ပိုင်းတွင် မြစ်ကြီးနားမြို့၊ လယ်ကုန်းရပ်ကွက်ဈေး၌ အခြေခံစားသောက်ကုန်များကို ရောင်းချပေးလျက်ရှိသည်။
ကေ့ာကရိတ်မြို့နယ်၌ အသက် ၉ နှစ်နှင့် ၁၂ နှစ်အကြား အမျိုးသမီးငယ်များအား သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးထိုးနှံနိုင်ရေး အစည်းအဝေးပြုလုပ်
Sep 15,2023
ကရင်ပြည်နယ်၊ ကေ့ာကရိတ်မြို့တွင် အသက် (၉) နှစ်ပြည့်ပြီး (၁၂) နှစ်မကျော်သော မိန်းကလေးများအား သားအိမ်ခေါင်းကင်ဆာကာကွယ် ဆေး (HPV) ထိုးနှံခြင်းနှင့် ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်  ၉ နာရီအချိန်က ခရိုင်ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ သင်တန်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မင်းဘူး(စကု)မြို့နယ်၌ ယခုနှစ် မိုးစပါးကို ဧကပေါင်း ၄၀၉၀၀ ကျော် စိုက်ပျိုးပြီးစီးပြီး စီမံကိန်း လျာထားချက်ထက် ဧက ၁၇၀ ကျော် ပိုမိုစိုက်ပျိုးနိုင်ခဲ့
Sep 15,2023
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ ဆန်၊ စပါးဖူလုံစေရန် ၂၀၂၃ ခုနှစ်၊ စပါးစိုက်ပျိုးရာသီတွင် မိုးစပါးကို ဧကပေါင်း ၄၀၉၀၀ ကျော် စိုက်ပျိုးပြီးစီးသွာပြီဖြစ်ကာ စီမံကိန်း လျာထားချက်ထက် ဧကပေါင်း ၁၇၀ ကျော် ပိုမိုစိုက်ပျိုးနိုင်ခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးနာမှ သိရသည်။
တောင်တွင်းကြီးမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် စာဖတ်ဝိုင်း ကျင်းပ
Sep 15,2023
ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ငယ်ရွယ်စဉ် ကလေးဘဝမှစတင်၍ စာအုပ်စာပေနှင့် ရင်းနှီးစေရန်၊ စာကြည့်တိုက်များသို့ စဉ်ဆက်မပြတ် ဝင်ထွက်သွားလာတက်သည့် အလေ့အထများ ဖြစ်ပေါ်စေရန်၊ စဉ်းစားတွေးခေါ်မှု အားကောင်းစေရန် ရည်ရွယ်၍ မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ပြည်သူ့စာကြည့်တိုက်တွင် ယမန်နေ့ မွန်းလွဲပိုင်းက စာရေးဆရာ ဗန်းမော်သိန်းဖေ၏ "မျှဝေလိုသောအတွေးများ-၄" စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြောင်း သိရသည်။
မြစ်သားမြို့နယ်တွင် သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး(HPV) ထိုးနှံပေးနိုင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ ပြုလုပ်
Sep 15,2023
မန္တလေးတိုင်းဒေသကြီး၊   ကျောက်ဆည်ခရိုင်၊  မြစ်သားမြို့နယ်တွင် အသက်(၉)နှစ်ပြည့်ပြီး(၁၂)နှစ် မကျော်သောအမျိုးသမီးငယ်များအားမြို့နယ်အဆင့် သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး(HPV)ထိုးနှံပေးနိုင်ရေး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်ပညာရေးဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များအား ယမန်နေ့နံနက်(၁၀)နာရီအချိန်က မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ ပြုလုပ်ခဲ့သည်။
ပုဂံကမ္ဘာ့အမွေအနှစ်ဒေသ ရွှေလိပ်ဥဘုရားရှိ လောကနာထမတ်ရပ်နတ်ရုပ်ပုံကြီးများနှင့် အမိုးနံရံရှိ ပုဂံခေတ်နံရံပန်းချီများကို လေ့လာနိုင်
Sep 15,2023
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံကမ္ဘာ့အမွေအနှစ်ဒေသ ညောင်ဦးမြို့မှ ပုဂံမြို့ဟောင်းသွားကားလမ်းဘေး ထီးလိုမင်းလိုဘုရားအရှေ့ဘက် ရွှေလိပ်ဥဂူဘုရားရှိ ထိုင်တော်မူ ဆင်းတုတော်ဘုရားဖူးမြှော်ပြီး ဂူဘုရားအတွင်းရှိ လောကနာထမတ်ရပ်နတ် ရုပ်ပုံကြီးများနှင့် မိုးနံရံများရှိ ပုဂံခေတ်နံရံပန်းချီများကို လေ့လာနိုင်ကြောင်း သိရသည်။
ဟုမ္မလင်းမြို့၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ
Sep 15,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့၌ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကို ယမန်နေ့နေလည် (၁)နာရီက ဟုမ္မလင်းကောလိပ်၊ ချင်းတွင်းဆောင်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။