ရွှေဘိုမြို့၌ ဌာနဆိုင်ရာဝန်ထမ်းများအား စားသုံးဆီများကို ပြင်ပပေါက်စျေးထက် လျှော့ချရောင်းပေး
Sep 15,2023
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင်၊ ရွှေဘိုမြို့တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှု၊ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၊ ရွှေဘိုခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီမံဆောင်ရွက်မှုဖြင့် ဌာနဆိုင်ရာဝန်ထမ်းများအား စားသုံးဆီများကို ပြင်ပပေါက်စျေးထက် လျှော့ချ၍ ယမန်နေ့ မွန်းလွဲပိုင်းအချိန်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စုပေါင်းရုံးတွင် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။