နမ့်ခမ်းမြို့တွင် အမျိုးသမီးပြည်သူများ သားအိမ်ခေါင်းကင်ဆာရောဂါဖြစ်ပွားမှုကင်းဝေးစေရန် သားအိမ်ခေါင်းကင်ဆာရောဂါအသိပညာပေးဆွေးနွေးဟောပြောခြင်းလုပ်ငန်းများ ဆောင်ရွက်

နမ့်ခမ်း စက်တင်ဘာ ၁၅

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့ ကုတင်(၁၀၀)ဆံ့ပြည်သူ့ဆေးရုံရှိခန်းမ၌ ယမန်နေ့ညနေ (၂)နာရီအချိန်က မြို့နယ်အတွင်းရှိ အမျိုးသမီးပြည်သူများ သားအိမ်ခေါင်းကင်ဆာရောဂါဖြစ်ပွားမှုကင်းဝေစေရရန်ရည်ရွယ်၍ သားအိမ်ခေါင်းကင်ဆာရောဂါအကြောင်း အသိပညာပေးဆွေးနွေးဟောပြောခြင်းလုပ်ငန်းများ ဆောင်ရွက်ကြောင်း သိရသည်။

ရှေးဦးစွာ နမ့်ခမ်းမြို့ပြည်သူ့ဆေးရုံအုပ် ဒေါက်တာစိုင်းလှတင်မှ သားအိမ်ခေါင်းကင်ဆာရောဂါ အသိပညာပေးဆွေးနွေးဟောပြောခြင်းလုပ်ငန်း၏ ရည်ရွည်ချက်များနှင့် သားအိမ်ခေါင်းကင်ဆာရောဂါသည် ကမ္ဘာပေါ်တွင် စတုတ္ထမြောက်အဖြစ်အများဆုံး ရောဂါဖြစ်ပြီး အမျိုးသမီးများဦးရေ (၁)သိန်းဦးလျှင် (၁)ဦးနှုန်း ဖြစ်ပွားလျက်ရှိသည်။

သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HVP)ထိုးနှံရန် အသက်(၉)နှစ်ပြည့်ပြီး (၁၂)နှစ်အောက်အတွင်းရှိသူ ၁-၉-၂၀၁၁ ရက်နေ့မှ ၃၁-၈-၂၀၂၁၄ရက်နေ့အတွင်း မွေးဖွားသည့် မိန်းကလေးငယ်များအား ဦးစားပေးထိုးနှံပေးသွားမည်ဖြစ်ကြောင်း၊ သားအိမ်ခေါင်းကင်ဆာရောဂါသည် ကာကွယ်ဆေးထိုးနှံပြီး ကြိုတင်ကာကွယ်နိုင်သော ရောဂါဖြစ်ပြီး ကြိုတင်ကာကွယ်ခြင်းမရှိဘဲ ရောဂါဖြစ်ပွားပြီးမှ ဆေးကုသလျှင် ရောဂါဖြစ်ပွားမှု၏ အဆင့်အလိုက်ပေါ်၌ ရောဂါပျောက်ကင်းရန်ရာခိုင်နှုန်းနည်းပါးနိုင်ကြောင်း၊ ကာကွယ်ဆေးမထိုးနှံမီနှင့် ထိုးနှံပြီးအခြေအနေတွင် သိရှိလိုက်နာဆောင်ရွက်ရန်အချက်များအကြောင်း စသည့် ရောဂါကြိုတင်ကာကွယ်ရေးအသိပညာပေးအကြောင်းအရာများကို ရှင်းလင်းဆွေးနွေး ဟောပြောခဲ့သည်။ ထို့နောက် အသိပညာပေးဆွေးနွေးဟောပြောပွဲသို့ တက်ရောက်လာကြသူများက သားအိမ်ခေါင်းကင်ဆာရောဂါနှင့် ကာကွယ်ဆေးထိုးနှံခြင်းအပေါ် သိရှိလိုသည်များကို မေးမြန်းခဲ့ရာ ဆေးရုံအုပ်ကြီးမှ ပြန်လည်ဆွေးနွေး ရှင်းလင်းပေးခဲ့သည်။

အဆိုပါ အသိပညာပေးဆွေးနွေးပွဲသို့ ဖိတ်ကြားထားသည့် မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့နယ်အတွင်းရှိ တိုင်းရင်းသားစာပေနှင့် ယဥ်ကျေးမှုကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်အတွင်းရှိ အခြေခံပညာရေးကျောင်းမှ ကျောင်းအုပ်ကြီးများနှင့် လူမှုရေးအသင်းအဖွဲ့များတို့မှ တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။

နမ့်ခမ်း(ပြန်/ဆက်)