ဟုမ္မလင်းမြို့၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ

ဟုမ္မလင်း စက်တင်ဘာ ၁၅

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့၌ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကို ယမန်နေ့နေလည် (၁)နာရီက ဟုမ္မလင်းကောလိပ်၊ ချင်းတွင်းဆောင်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အခမ်းအနားတွင် ဟုမ္မလင်းကောလိပ် ကျောင်းအုပ်ဆရာကြီး ဒေါက်တာတာသိန်းဆွေဦးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစီးအရာရှိ ဦးဧဆက်က လူငယ်များဗလငါးတန်ဖွံ့ဖြိုးပြီး မှားမှန်ကျိုးကြောင်း ခွဲခြားနိုင်သော ပညာရှိခြင်းနှင့် ကိုယ်ကျင့်တရားကောင်းမွန်စေရန် လူငယ်နှင့်အနာဂတ်ခေါင်းစဉ်ဖြင့် ဟောပြောခဲ့သည်။
ဆက်လက်၍ ဟုမ္မလင်းမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာန ဦးစီးအရာရှိ ဦးလှဆိုင်းက ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေအကြောင်း အသိပညာပေးဟောပြောခဲ့ပြီး၊ အမှတ်(၉) မူးယစ်တပ်ဖွဲ့စု ဟုမ္မလင်း၊ ခေတ္တတပ်ဖွဲ့စုမှူး ဒု-ရဲမှူး ​မြင့်အောင်က ​ဟုမ္မလင်းကောလိပ် ကျောင်းသား၊ ကျောင်းသူများအား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်နှင့် ပတ်သက်သော ပြဌာန်းထားသည့် ပြစ်မှုပြစ်ဒဏ်များအကြောင်းနှင့် ပတ်သတ်၍ Power Point ဖြင့်အသိပညာပေး ဟောပြောခဲ့ကြကြောင်း သိရသည်။

ထို့နောက် တက်ရောက်လာသောသော ကျောင်းသား/သူများက မေးမြန်းခဲ့ရာ တာဝန်ရှိသူများက ပြန်လည်းဖြေကြားခဲ့ပြီး၊ မူးယစ်ဆေးဝါးအသိပညာပေး လက်ကမ်းစာစောင် (၅၀) စောင်ကို ဖြန့်ဝေပေးခဲ့သည်။

အဆိုပါ အခမ်းအနားသို့ အမှတ်(၉) မူးယစ်တပ်ဖွဲ့စု ဟုမ္မလင်း၊ ခေတ္တတပ်ဖွဲ့စုမှူး ဒု-ရဲမှူး ​မြင့်အောင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဧဆက်၊ ဟုမ္မလင်းမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာန ဦးစီးအရာရှိ ဦးလှဆိုင်း၊ ဟုမ္မလင်းကောလိပ်ကျောင်းအုပ်ဆရာကြီး ဒေါက်တာ သိန်းဆွေဦးနှင့် ဆရာ/မများ၊ ကျောင်းသား/သူများ စုစုပေါင်း (၆၀)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဟုမ္မလင်း (ပြန်/ဆက်)