လိပ်သိုဒေသ၌ တညင်းသီးစျေးနှုန်း ကျဆင်း

လိပ်သို ဇူလိုင် ၂၉

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသရှိ ဒေသခံများမှာ မိုးရာသီကာလ တညင်းသီး လှိုင်လှိုင်ပေါ်ချိန်တွင် ခူးဆွတ်ရောင်းချရာ၌ စျေးနှုန်းကျဆင်းလျက်ရှိနေကြောင်း သိရသည်။

လိပ်သိုဒေသအတွင်း စိုက်ပျိုးထားသော တညင်းပင်အများစုမှာ ရေမြေရာသီဉတုအရ အသီးရင့်ချိန် နောက်ကျသောကြောင့် အခြားဒေသများထက် ခူးဆွတ်ချိန်နောက်ကျပြီး ရောင်းချရာတွင်လည်း စျေးနှုန်းကျဆင်းနေသောကြောင့် တညင်းစိုက်တောင်သူများနှင့် သိုလှောင်ရောင်းဝယ်သူများအနေဖြင့် အရှုံးပေါ်လျက်ရှိကြောင်း သိရသည်။

တညင်းသီးများမှာ ဇူလိုင်လ လဆန်းပိုင်းတွင် တစ်ပုံးလျှင် (၂၀၀၀ဝိ/-) ကျပ်မှ (၃၀၀၀ဝိ/-) ကျပ်အထိ စျေးရရှိခဲ့သော်လည်း ယခုဇူလိုင်လကုန်ပိုင်းတွင် တစ်ပုံးလျှင် (၁၀၀၀ဝိ/-)ကျပ်မှ (၁၂၀၀ဝိ/-) ကျပ်အထိသာ စျေးရရှိကြောင်း၊ ဒေသတွင်း လမ်းပန်းဆက်သွယ်ရေးခက်ခဲမှုနှင့် တညင်းသီးဝယ်လိုအား ကျဆင်းမှုကြောင့် တညင်းသီးစျေးနှုန်း ကျဆင်းနေခြင်းဖြစ်ကြောင်း တညင်းသီးရောင်းဝယ်သူတစ်ဉီးထံမှ သိရသည်။

ခင်လေးနွယ်