ဖြူး ဇူလိုင် ၂၉
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်စာရင်းများကို အထက-၁(ဖြူး)၊ အထက-၁(ကညွတ်ကွင်း)၊ အထက- ၂(ဇေယျဝတီ) စာစစ်ဌာနများတွင် ဇူလိုင် ၂၇ ရက် နံနက်(၆)နာရီ အချိန်မှစတင်၍ ထုတ်ပြန်ခဲ့ရာ ဖြေဆိုအောင်မြင်မှုရာခိုင်နှုန်း (၅၃.၂၄) ရာခိုင်နှုန်းရှိကြောင်း သိရသည်။
မြို့နယ်အတွင်း ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဝင်ရောက်ဖြေဆိုရန်စာရင်းရှိ ကျောင်းသား၊ ကျောင်းသူ (၁၂၈၀)ဦးတွင် (၁၂၂၀)ဦး ဖြေဆိုခဲ့ရာ (၆၅၀)ဦးအောင်မြင်၍ ဖြေဆိုအောင်မြင်မှုရာခိုင်နှုန်းမှာ (၅၃.၂၃) ရာခိုင်နှုန်းရှိကြောင်း၊ (၄)ဘာသာဂုဏ်ထူးရရှိသူ (၁)ဦး၊ (၃)ဘာသာဂုဏ်ထူးရရှိသူ (၁၁)ဦး၊ (၂)ဘာသာဂုဏ်ထူးရရှိသူ (၁၃)ဦး၊ (၁)ဘာသာဂုဏ်ထူးရရှိသူ (၅၄)ဦးရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
နေမျိုးလွင် (ပြန်/ဆက်)