အ.ထ.ကမိုင်းနောင် ကျောင်းတွင်လူငယ်​ရေးရာ အသိပညာပေးဟောပြောပွဲ ပြုလုပ်

မိုင်းနောင် စက်တင်ဘာ ၁၇

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းနောင်မြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်းဆောင်ရွက်သော လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့၊ နေ့လည်(၁:၃၀)နာရီ အချိန်က ပြုလုပ်ခဲ့ကြောင်းသိရှိရသည်။

ရှေးဦးစွာ ကျောင်းအုပ်ဆရာကြီး ဦးဇော်မြင့်သိန်းက အဖွင့်အမှာစကားပြောကြား၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့ဦးစီးမှူး ဒေါ်နန်းမီးက လူငယ်နှင့်အောင်မြင်ခြင်း အကြောင်းကိုလည်းကောင်း၊ မိုင်းရှူးမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ နည်းစနစ်မှူး ဦးကျော်ဝင်းက ကျောင်းသားလူငယ်များ ကျန်းမာကြံ့ခိုင်ရေးနှင့် အားကစားလှုပ်ရှားမှုများအကြောင်းကို ရှင်းလင်းဟောပြောခဲ့ကြောင်း သိရှိရသည်။

ဆက်လက်၍ မိုင်းရှူးမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ နည်းစနစ်မှူး ဦးကျော်ဝင်းက မိုင်းနောင် အ.ထ.ကကျောင်းရှိ ကျောင်းသား ကျောင်းသူများအတွက် အားကစားပစ္စည်းများကို ကျောင်းအုပ်ဆရာကြီး ဦးဇော်မြင့်သိန်းထံသို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

မနန်း(မိုင်းနောင်)