မုံးကိုးမြို့ဒေသထွက် မက္ကရေးနီးယားအသီးများကို ပြည်တွင်းသာမက မန့်ဟိုင်းဂိတ်မှတစ်ဆင့် တရုတ်နိုင်ငံဘက်သို့ တင်ပို့ရောင်းချလျက်ရှိ

မုံးကိုး စက်တင်ဘာလ ၁၈

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မုံးကိုးမြို့မန့်ဟိုင်းဂိတ်ဘက်မှ မက္ကရေးနီးယားအသီးများ ကို ပြည်တွင်းသာမက တရုတ်နိုင်ငံဘက်သို့ တင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။

ထိုသို့ တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချရာ မုံးကိုးဒေသထွက် မက္ကရေးနီးယား အသီးအစိမ်း တစ်ပိဿာလျှင် တရုတ်ငွေ ၁၀ ယွမ် (မြန်မာငွေ လက်ရှိပေါက်ဈေး ၅၀၀၀ကျပ်ခန့်) ရရှိကြောင်း သိရသည်။

ယခင်နှစ်များက Covid -19 ရောဂါကြောင့် နယ်စပ်ဂိတ်များ ပိတ်ထားခဲ့သဖြင့် အရောင်းအဝယ် မရှိခဲ့သော်လည်း ယခုနှစ်တွင် ကူးစက်ရောဂါဖြစ်ပွားနှုန်း လျော့ကျလာသည်နှင့်အညီ နယ်စပ်ဂိတ်များ ပြန်လည်ဖွင့်လှစ်လာသောကြောင့် ဒေသခံမက္ကရေးနီးယားအသီး ဝယ်သူများနှင့်ရောင်းသူများအတွက် စီးပွားရေးအဆင်ပြေလျှက်ရှိကြောင်း သတင်းရရှိသည်။

မေစံပယ်ဖူး(မုံးကိုး)