ကန်ကြီးထောင့် စက်တင်ဘာ ၁၈
ဧရာ၀တီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် အသက်(၉)နှစ်ပြည့်ပြီး (၁၂)နှစ်မကျော်သော ကျောင်းသူများအား သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေး (HPV)ထိုးနှံပေးခြင်းကို ယနေ့နံနက် က အ.ထ.က(ခွဲ) ဘဲဂရက်ကျောင်းတွင်ဆောင်ရွက်ခဲ့သည်။
ထိုသို့ (HPV) သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးထိုးနှံပေးရာတွင် ကန်ကြီးထောင့်မြို့နယ်ရှိ ကျန်းမာရေး ဆရာမများက အ.ထ.က(ခွဲ)ဘဲဂရက်ကျောင်းရှိအသက် (၉)နှစ်ပြည့်ပြီး (၁၂) နှစ်မကျော်သော ကျောင်းသူ(၅၅)ဦးတို့အား သွေးပေါင်ချိန်တိုင်းတာခြင်း၊ စာရင်းရေးသွင်းခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းတို့ကို ဆောင်ရွက်ပေးပြီးနောက်(HPV) သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေးအား စနစ်တကျထိုးနှံပေးခဲ့ပြီး ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာမများ၊ လူမှုရေးအသင်းအဖွဲ့များက ဝိုင်းဝန်းပူးပေါင်းကူညီဆောင်ရွက်ပေးခဲ့သည်။
အဆိုပါကာကွယ်ဆေးထိုးနှံပေးခြင်းဆောင်ရွက်ရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်အောင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့၊ ကျောင်းအုပ်ဆရာမကြီးနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြကြောင်းသိရသည်။
ကျော်ဇင်စိုး (ပြန်/ဆက်)